အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Start from the beginning
                                    

လူအိုကြီးမှာ စိတ်မပြေနိုင်သေးဘဲ လက်ကိုဆန့်လျက် ကျားခုံကိုတွန်းကာ ရှုပ်ထွေးသွားစေခဲ့သည်။

သူ၏အရှေ့တွင်ထိုင်နေသော တိဖူ ဖုကျွင်းမှ " မေ့လိုက်တော့..ငါဒီနေ့နတ်ခုံရုံးကိုလာတာက မင်းနဲ့ကျားကစားဖို့မဟုတ်ဘူး လူအိုကြီးရဲ့...ငါမင်းကိုမေးစရာရှိလို့ အဲ့နေ့တုန်းက အဖြူအမည်းညီနောင်ကမှားခေါ်ခဲ့တဲ့ဝိဉာဉ်ကို ကိုင်တွယ်ခဲ့သေးလား.."

မင်ကောရှင်းကျွင်းမှ သူ၏မုတ်ဆိတ်မွှေးကိုသပ်လိုက်ပြီး ပြောလိုက်လေသည် " ပြီးခါနီးပါပြီ... ပန်ရှင်းကျွင်းက သူ့ကိုအိမ်မက်တွေအများကြီးပေးခဲ့တာလေ... ဒါပေမယ့်အဲ့ကလေးက တကယ့်ကိုဘုရားသားတော်ပဲ သူ့ရဲ့စိတ်ကမာကျောလွန်းတယ်...အဲ့ဒါကြောင့် သူ့ရဲ့အသိကိုမရနိုင်သေးတာ.. အခုရက်ပိုင်းတော့ အဲ့ဒါက ပြီးခါနီးပါပြီလေ..."

ဖုကျွင်းမှ မျက်မှောင်ကြုတ်လျက် " အိမ်မက်ထဲကိုလား...ဒါကကောင်းတဲ့လှုပ်ရှားမှုလို့မင်းထင်တယ်ပေါ့လေ...သူ့ရဲ့ဘဝကိုနတ်ဆိုးကြယ်နဲ့တွဲချည်ထားတာ ပြီးတော့ ထပ်ပြီးတော့လည်းရှင်သန်ရဦးမယ်...အဲ့ဒီအချိန်တုန်းက သတ်ဖြတ်ရေးကြယ်က ကမ္ဘာပေါ်မှာ အမတသွေးချောင်းစီးစေတယ်လို့မင်းထင်တာပေါ့.. ဘာလို့များလဲနော်.. အဲ့ဒါက ယွဲ့လောင်သူတို့ကြားကို ဖူးစားရေးကြိုးနီမချည်ပေးခဲ့လို့လေ...အဲ့ဒီသူကို နတ်ဆိုးကိုဖိနှိပ်ဖို့ အထူးတလည်ပေးပို့ခဲ့ပြီးတော့ သူတို့ကိုခိုင်ခိုင်မချည်ပေးခဲ့မှ‌တော့ ဘယ်လိုလုပ်ပြီး နတ်ဆိုးကိုဖိနှိပ်လို့ရဦးမှာတဲ့လဲ..."

သူထပ်ပြောလိုက်သည် " ဒါပေမယ့် မင်းရေးတဲ့စာတွေကိုတော့ သူဖတ်နိုင်တဲ့ပုံပဲနော်..."

မင်ကောရှင်းကျွင်းမှ ကို့ရို့ကားယားဖြင့် ချောင်းဟန့်လိုက်ပြီး " အဲ့ဒါကြောင့် ငါသူ့ကိုအိမ်မက်ပေးခဲ့တာပေါ့..ငါသူ့ကိုအိမ်မက်တွေပေးနေရတဲ့အကြောင်းရင်းကလည်း ငါအဲ့စာအုပ်ကိုအရင်ဆုံးရေးမိခဲ့လို့ပဲ..."

ဖုကျွင်းမှ မေးလာခဲ့သည် " အဲ့ဒါကတကယ်ကြီးအလုပ်ဖြစ်ပါ့မလား..."

သူ့အပေါ်မေးခွန်းထုတ်လာမှုကြောင့် မင်ကောရှင်းကျွင်းမှ ဒေါသတကြီးဖြင့် " ဒီလူအိုကြီးရေးခဲ့တဲ့စာအုပ်က မင်းရဲ့သေခြင်းရှင်ခြင်းစာအုပ်ထက်တောင် ပိုထူသေးတာကို မင်းကငါ့လောက်နားလည်နိုင်မှာမလို့လား..."

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now