အပိုင်း ၂(ကျေးဇူးရှင်ကိုကို နားတွယ်ကပ်ကာနေမည်)

Start from the beginning
                                    

ဂေဟာပိုင်ရှင် ပြောပြသည့်စကားကြားပြီး စိုင်းခွန်းသန့်နောင်၏အဒေါ်မှာ ပို၍ပင်သနားသွား၍ မွေးစားရန်ဆုံးဖြတ်လိုက်တော့သည်။

ထိုကလေးကိုမွေးစားလိုက်ပြီး စဝ်ခွန်သာမှိုင်းဟု နာမည်ပေးလိုက်လေသည်။
စိုင်းခွန်းသန့်နောင်မိဘတွေနဲ့ သူ့အဒေါ်တို့က ခြံဝန်းတစ်ခုထဲတွင် တိုက်နှစ်လုံးဆောက်ထားပြီးအတူတူနေကြတာဖြစ်သည်။

၇နှစ်အရွယ် စိုင်းခွန်းသန့်နောင်က ၁၂နှစ်အရွယ် စ၀်ခွန်သာမှိုင်းအား ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုးအမြဲအနိုင်ကျင့်တက်ပါသည်။ ကြာလာသည်နှင့်အမျှ ဘယ်လိုပြောင်းလဲသွားလည်းမသိသော်လည်း ယခုအချိန်တွင်တော့ ကိုကို ကိုကိုပါးစပ်ဖျားကမချနိုင်ပဲ အတင်းလိုက်ကပ်နေရသူက စိုင်းခွန်းသန့်နောင်ပင်။

******

နှိုးစက်မှ အသံတစ်သံသာထွက်ရသေးသော်လည်း စိုင်းခွန်းသန့်နောင် ချက်ချင်းကောက်ထကာ နှိုးစက်အားပိတ်လိုက်သည်။
ညကအိပ်တာနောက်ကျသော်လည်း မနက်နိုးလာတော့ စိတ်မကြည်လင်တာမျိုးမရှိ။
အရမ်းကိုကြည်လင်ကာပျော်ရွှင်နေသည်။ မြန်မြန်ဆန်ဆန်ပင် ပြင်ဆင်စရာရှိတာတွေပြင်ဆင်လိုက်ပြီး
ကော်ဖီတစ်ခွက်သောက်ကာ ဆေးရုံသို့ထွက်လာတော့သည်။
သူဆေးရုံသို့ရောက်သည့်အချိန်မှာ မနက် ၇နာရီခွဲခန့်သာရှိအုံးမည်။

" ဒီနေ့အသစ်ရောက်တဲ့ ဒေါက်တာထင်တယ်..."

" ဟုတ်ပါတယ်..."

ထို့နောက်၀န်ထမ်းတစ်ဦးကသူ၏ ရုံးခန်းနှင့် လိုအပ်တာများကိုပေးရန်ခေါ်သွားတော့သည်။

" အသစ်ရောက်လာတဲ့ဒေါက်တာက ချောချက်...အရမ်းလူငယ်ဆန်တာပဲ "

" မိုက်လိုက်တာ...ငါမနေ့ညက ညdutyကျလို့စိတ်မကြည်ဘူးဖြစ်နေတာ ဒေါက်တာလေးကိုမြင်တာနဲ့ အကုန်ပျောက်"

" အလုပ်ကြိုးစားလိုက်တာ အစောကြီးလာတယ်နော်...ငါ့typeလေး"

" ဒီနေ့ ဒေါက်တာအသစ်၂ယောက်လာမှာမလား"

" အင်း နောက်တစ်ယောက်လည်းချောရင်ကောင်းမယ်"

" အဲ့လိုtypeမကြိုက်ဘူး ။ငါကတော့တည်တည်ကြည်ကြည် ဒေါက်တာ
စဝ်ခွန်သာမှိုင်းပဲ လုံး၀မပြောင်းဘူး"

The Matching Guys (Top)Where stories live. Discover now