အပိုင်း (77)

686 113 0
                                    

(77) ဦးဂျို အသေးလေး  (၁)

နျင်းချု ရဲ့ အဖြေ က ပြိုင်ကွင်း ရဲ့ ထောင့်နေရာတိုင်း ​ကို ရောက်ရှိ ပျံ့နှံ့ သွားလေတယ်။ ပြီးတော့ ပရိသတ်တွေ ကလည်း ထပ်ပြီးတော့ ပေါက်ကွဲ မထွက်လာခင် တစ်ခဏ တိတ်ဆိတ် သွားခဲ့လေတယ်။

ထိုထဲမှာမှ ဝူးယူး ဘက်ကို လူတစ်ချို့က ခေါင်းကို လှည့်ကာ အသံ တစ်ချို့ကို မြှင့်ကာ အော်လိုက် ကြတဲ့ သူတွေတောင် ရှိနေလေတယ်။

ဝူးယူးနဲ့ နျင်းချု တို့ရဲ့ အပြင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ဒီနေ့မနက်ခင်း မှာပဲ တစ်ကျောင်းလုံး ကို ​ပျံ့နှံ နေခဲ့တာ ပဲ ဖြစ်လေတယ်။ သူတို့ပြော ကြတာ ကတော့ ဝူးယူး တို့က အရမ်းကို နီးကပ် ခဲ့ ကြတယ်တဲ့လေ။

ဝူးယူးနဲ့ နျင်းချု တို့က သစ်တောထဲမှာ တစ်ယောက် ကို တစ်ယောက် ပွေ့ဖက်တာကို သူတို့ သေချာ မမြင်ခဲ့ပေမယ့် ဝူးယူး က စာချုပ်သားရဲ အပေါ် တက်တဲ့ အခါ နျင်းချု ကို လက်ကမ်း ပေးလိုက် တာကိုတော့ လူတိုင်း က မြင်တွေ့ ခဲ့ကြတယ်လေ။

ဒါက ချစ်သူရည်းစား ဆက်ဆံရေးပဲ!

အဲ့တာ က သာမန် သူငယ်ချင်း ဆက်ဆံရေး ဖြစ်နိုင်ပါတော့ မလား?

ဒီကမ္ဘာမှာ လိင်တူ ချစ်ကြိုက်တာ က အရမ်းကို သာမန် ပါပဲ။ ပြီးတော့ ဒီအသက်အရွယ် က အတင်းအဖျင်း ပြောတာ ကလည်း သာမန် ပဲ ဖြစ်လေတယ်။ အထူးသဖြင့် ပြိုင်ကွင်း ဧရိယာ ကို ထိုနှစ်ယောက် က အတူတကွ ရောက်လာလေ တော့ ပိုပြီးတော့ စိတ်လှုပ်ရှား ကြတာ ပဲ ဖြစ်လေတယ်။

သူတို့က ဒီလိုမျိုး မေးခွန်းကို ဝူးယူး အား သွားပြီးတော့ မမေးရဲပါပေ။ ဒါပေမယ့် နျင်းချု ကိုတော့ မေးရဲ ကြလေတယ်။

သူ့နဲ့ တွေ့ကြုံပြောဆို ဆက်ဆံ ဘူးတဲ့ ကျောင်းသားတွေ ​ပြောတာ ကတော့ နျင်းချုက ငြင်သာ သိမ်မွေ့ ပြီးတော့ ကြင်နာ တက်ပါ သတဲ့လေ။ ပြီးတော့ ပြိုင်ကွင်း အတွင်း နဲ့ အပြင် မှာ ဆို လုံးဝ ကို မတူ ညီပဲ ကွဲ ပြားတဲ့ လူ နှစ်ယောက် လိုပါ ပဲတဲ့။

မျက်လုံးတွေ အများကြီး က သူ့အပေါ်ကို ပဲ အာရုံစိုက်ထား ကြတဲ့ အတွက်​ကြောင့် ဝူးယူးရဲ့ မျက်မှောင် က တဖြေးဖြေး နဲ့ကြုံ့ လာခဲ့လေတယ်။ ပြီးတော့ တစ်စုံတစ်ခု က မှားယွင်း နေတယ်လို့ သူ့အသိစိတ် က ခံစား လာရလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now