အပိုင်း (90)

412 93 0
                                    

(90) ဒီအိပ်ယာက ကျဥ်းလွန်းတယ် ၁

နဂါး နက်လေး က အရမ်းကို သတိ ရှိပြီးတော့ နျင်းချု ရဲ့ မေးစေ့လေးကို အသာလေးသာ လျက်လေတယ်။ သူက သူ့ရဲ့ ခေါင်းကို အသာလေး မော့လိုက် ပြီးတော့ နျင်းချု ရဲ့ တုံ့ပြန် မှုကို ကြည့်လိုက်တယ်။

နျင်းချု ရဲ့ မေးစေ့ နားက အသားအရည် က အနည်းငယ် ယားယံ သွားကာ ကြောင်သေးသေးလေး က သူ့ရဲ့ ပိုင်ရှင်ကို လျှာနဲ့ လျက်နေတဲ့ ခံစားချက် နဲ့ တူလေတယ်။ နျင်းချု က တစ်ခါ မှ ကြောင် ကို မပိုင်ခဲ့ ဘူးပေမယ့် လို့ပေါ့။

တစ်ခါတစ်လေ ဆိုရင် သူ့ကမ္ဘာ က ကြောင်တွေနဲ့ နဂါးလေး တွေက တစ်ချို့ အချက်တွေ တူကြတယ်လို့ သူ ထင်မိလေတယ်။

သူနဲ့ နဂါးနက်လေး တို့ အကြည့်ခြင်း ဆုံသွားတဲ့ အချိန်မှာတော့ နျင်းချု ရဲ့ စိတ်ထဲမှာ ဝူးယူး ရဲ့ မျက်နှာ က ရုတ်တရက်ကြီး  ပေါ်လွင် လာလေတယ် ။

တကယ်လို့ သူသာ လူသား ပုံစံ နဲ့ဆို အခုလို လုပ်လိုက်တာ က........။

အပြန်လမ်း မှာတော့ နျင်းချုက အဲ့အကြောင်း ကို အများကြီး မစဥ်းစား ခဲ့ပါပေ။ အရင်တုံး ကလည်း သူအဲ့အကြောင်း တွေကို တွေးခဲ့ ပြီးသား ဖြစ်လို့ ပဲလေ။ ဒါပေမယ့် အခုတော့ အကြောင်း တစ်ချို့ကြောင့်........ ။

အဲ့ဒါက အနည်းငယ် ကို့ယို့ကားယား နိုင်လေတယ်။

နျင်းချု နဲ့ နဂါးနက်လေး တို့က အချင်းချင်း တစ်ယောက် ကို တစ်ယောက် စိုက်ကြည့်နေ ကြ ပြီးတော့ နျင်းချု ရဲ့ မျက်နှာ မှာ ရှက်သွေးဖြာ တဲ့ အလွှာလေး တစ်ခု ထွက်လာ ခဲ့လေတယ်။

သူက အရှက်ရမှုကို ပြောင်းလဲ ဖုံးကွယ်ဖို့ ရာအတွက် ချောင်းအနည်းငယ် ဆိုးလိုက် ပြီးတော့ နဂါးနက်လေး ကို အိပ်ယာပေါ် ဆီပြန် ပြီးတော့ တင်ပေး လိုက်လေတယ်။

နဂါးနက်လေး ကလည်း ငြင်းဆန်ဖို့ စိတ်သဘော မရှိပါပဲနဲ့ တိတ်တဆိတ်ပဲ ဘေးနားမှာ လှဲနေ ခဲ့လေတယ်။ ဒါပေမယ့် သူက နျင်းချု ရဲ့ မူမမှန် မှုကိုတော့ သတိ မပြုမိ သေးပါပေ။

အရမ်းကို စိတ်လှုပ်ရှား နေတဲ့ အောင်းဝ်စစ် က အခုချိန်မှာတော့ အနည်းငယ် ပြန်တည်ငြိမ် သွားပြီ ပဲ ဖြစ်လေတယ်။ သူက အောင်းဝ်ဝူလေး ကို သန့်ရှင်းရဲ့ လက်သည်း လေးတွေနဲ့ ထိနေ ပြီးတော့ အနောက်က သတိပြု မိနိုင်တဲ့ နဂါးတောင်ပံ တွေ ကြီးလာတာ ကိုလည်း တွေ့ လိုက် ရလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Kde žijí příběhy. Začni objevovat