အပိုင်း (101)

659 127 0
                                    

(101) အရှင် နဂါး နတ်ဘုရား ၃

အမှန်တော့ မောလ် ထဲမှာ ဝါဂွမ်းတွေနဲ့ လုပ်ထားတဲ့ ကူရှင်တွေ ရှိပါတယ်။ အဲ့ပေါ် အိပ်ရတာ က ပိုပြီးတော့ သက်တောင့် သက်သာ ရှိတယ် ဆိုပေမယ့် အဲ့တာ တွေက ပိုစျေးကြီး လေတယ်။ စျေးနှုန်း တွေကို နှိုင်းယှဥ် ပြီးတဲ့နောက် အဆုံးမှာတော့ နျင်းချု က အဲ့တာ တွေကို မဝယ်တော့ ပါပေ။

ညအချိန်မှာတော့ အောင်းဝ်ဝူ က နျင်းချု ရဲ့ လည်ပင်းနား မှာ အိပ်ပြီးတော့ အောင်းဝ်အာ့ က အောင်းဝ်ဝူ ရဲ့ ဘေးနားမှာ အိပ်ကာ သူ့ရဲ့ တောင်ပံ နဲ့ အောင်းဝ်ဝူ ကို ချုံပေး ထားလေတယ်။ အောင်းဝ်စစ် ကလည်း နျင်းချု ရဲ့ တစ်ဖက် လွတ်နေတဲ့ လည်ပင်း နားလေး မှာ ကပ်နေပြီးတော့ သူ့အမြီးလေး ကိုဖက်ထားကာ လိမ်မာတဲ့ ကလေးလေး လို ထိုအတိုင်းလေး ပဲ အိပ်နေ ခဲ့တယ်လေ။

ဝှစ်တုံ ရဲ့ ဘက်မှာတော့ သူက သတိပေးချက် တစ်ခု ကို ရခဲ့ ပြီးတော့ ချက်ကျောင်း ဆီကို အမြန်ပြန် လာဖို့ အမိန့်တစ်ခု ရခဲ့လေတယ်။

သူ့ရဲ့ ပုခုံးပေါ်က စာချုပ်သားရဲ့ မီးတောက်က ငှက်က သူ့ရှေ့မှာတင် ကြီးသွားကာ သူက ငှက်ပေါ်တက် ပြီး ပျံသန်း ရင်း သူ့နောက် ကနေ သူ့ရဲ့ လက်အောက် ငယ်သား တွေ ကလည်း စာချုပ်သား ရဲ တွေကို စီးပြီးတော့ ပြေးလိုက် လာကြ လေတယ်။

သူ့ရဲ့ မျက်နှာ က ရေကန် တစ်ခုလို မဲမှောင် နေပြီးတော့ ချက်ကျောင်း ကို တိုက်ခိုက်သွား တာက မနေ့က ပေါ်လာတဲ့ လေနဂါး လို့ သူခန့်မှန်း မိလေတယ်။

လေ နဂါး နဲ့ ရေနဂါး က နဂါးတွေ ထဲမှာ မှ အဆန်းကြယ် ဆုံး ဖြစ်ပြီးတော့ သူတို့တွေ ပေါ်လာတာ က နှစ်ကြိမ်မှ သုံးကြိမ် အထိသာ ရှိလေတယ်။ ပြီးတော့ သူတို့ရဲ့ ခွန်အား တွေက မှော်နဂါးတွေ ကြားထဲ မှာ ဘယ်အဆင့် ရှိသလဲ ဆိုတာကို လည်း မသိရပါပေ။

ပြီးတော့ မနေ့ က နဂါးအုပ်စု က လာပြီးတော့ ဒီအတိုင်း ပြန်သွားတာ ကလည်း အတော်လေး ကို ပဲ ထူးဆန်း နေလေတယ်.......... ။

မီးငှက် က ရုတ်တရက် ပဲ ရပ်လိုက်တဲ့ အခါ ဝှစ်တုံ ကလည်း ကြည့်လိုက် လေတယ်။

သူ့ရှေ့က လမ်းလယ်ခေါင်မှာ လူ တစ်ယောက် ရပ်နေ ပြီးတော့ အနက်ရောင် ဝတ်စုံ ဝတ်ထားကာ သူ့ရဲ့ အနောက်မှာ လဲ ထိုလူ ရဲ့ စာချုပ်သားရဲ က မတ်တပ်ရပ် နေခဲ့လေတယ်။ 

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]حيث تعيش القصص. اكتشف الآن