အပိုင်း (3)

2.6K 386 2
                                    

(3) ကူးပြောင်းမှု ( ၃ )

နျင်းချူ က စိတ်အားထက်သန် နေတဲ့ စက်သံကြီးကို ကြားလိုက်ရပြီးတော့ သူနဲ့ နားထဲမှာ သန်မာတဲ့ ဟိန်းသံ ကြီးက တဖြေးဖြေး တိုးများလာလေတယ်။ ပြီးတော့ သူ့တစ်ကိုယ်လုံးက အာရုံတွေ ကလည်း တ​ဖြေး​ဖြေး ပြန်ရလာခဲ့တယ်။

သူ့ရဲ့ သွေးတွေက ထပ်ပြီး စီးဆင်းသွားတယ် ဆိုတာ သူခံစားမိတယ်။ သူ့ရဲ့ တောင့်ခဲ နေတဲ့ အရိုးတွေက မလေးလံ တော့ပေ။ သူ့ရှေ့က အလင်းရောင်က ပိုပိုပြီး တောက်ပ လာချိန်မှာတော့ နျင်းချူက မသိလိုက် ပါပဲနဲ့ မျက်လုံးကို တိုက်ရိုက် ဖွင့်ချ လိုက်တယ်။ သူက အစိမ်းရောင် သစ်တောတွေနဲ့ မြက်ခင်းတွေ ၊ နေရောင်တွေကို မြူခိုးနဲ့ ဖုန်တွေက ကွယ်ထားတာကို တွေ့လိုက်ရတယ်။

[ စနစ်က အဝိုင်းလည် နေဆဲပါ။ ကျေးဇူးပြုပြီး စိတ်ရှည်စွာ စောင့်ပေးပါ......  ]

ဒါက ...... ဘယ်လို နေရာကြီးလဲလို့ ။

နျင်းချူရဲ့ ဦးနှောက် က ရှုပ်ထွေးသွားကာ ပတ်ဝန်းကျင် ကိုလည်း စိတ်ရှုပ်စွာ နဲ့ ကြည့်လိုက်လေတယ်။ သူ့ရဲ့ မျက်လုံး ရှေ့မှာတော့ ကြီးမားတဲ့ သတ္တဝါ ကြီးက ရပ်နေခဲ့တယ်။

ထိုဟာကြီးက တောင်ပံတွေကို အသာဖွင့်ထားကာ အဲ့ဟာရဲ့ အရပ်က လေးထပ်တိုက်ရဲ့ အမြင့်လောက် ရှိနေပြီးတော့ အနီရောင် ကြေးခွံတွေ နဲ့ ဖုံးအုပ်ထားကာ နဖူးပေါ်မှာလည်း အမဲရောင် တွန့်လိမ်နေတဲ့ ဂျိုတစ်စုံ ပေါက်နေခဲ့လေတယ်။

သူ့ရဲ့ နောက်​ခြေနဲ့ မြေပေါ်ကို စောင့်ချ နေပြီးတော့ ချိန်း​ခြောက်လိုတဲ့ အငွေ့အသက် တွေနဲ့ ပြည့်နေခဲ့တယ်။

ဘေးပတ်ပတ်လည် က သစ်ပင်တွေ အကုန်နီးပါး ကျိူးကြေ ကုန်ပြီးတော့ တစ်ချို့ ပုံရိပ် ငယ်လေးတွေ ကလည်း ပတ်ဝန်းကျင်မှာ ကြောက်လန့်တကြား နဲ့ အော်ပြေး နေခဲ့တယ်။

သိပ်မဝေးတဲ့ နေရာကနေ တစ်စုံတစ်ယောက် က စကားပြောလိုက်သလိုပဲ။

နျင်းချူက သူ့ရဲ့ ခေါင်းကို ဖြေးဖြေးချင်း လှည့်လိုက်တယ်။ ထူးဆန်းစွာ ဝတ်ဆင်ထားတဲ့ လူက ပါးစပ်ကို ဖွင့်ကာ ထူးဆန်းတဲ့ စကားလုံး တွေကို ပြောနေခဲ့ပေမယ့် နျင်းချူက ထိုလူရဲ့ ပြောချင်တာ ကို သဘောပေါက်လေတယ်။ သူပြောတာက ' လမ်းပေါ် ကနေ ဖယ်လိုက်! ' ပါတဲ့လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora