အပိုင်း (104)

837 121 0
                                    

(104) အလုပ်သမား အင်အား ၃

အောင်းဝ်အာ့ က မတော်တဆ နဲ့ အဆင့်သင် ဝင်ငွေ ရှာနိုင်မယ့် နည်းလမ်း ကို ရှာတွေ့ ထားတာ ပဲကိုး ......။

အီလေ ပြောကြားချက် အရ ကတော့ မိုင်းတွင်း ထဲက သတ္တု တွေက အရင်တုံး ကဆို တစ်ပတ် ပြီးမှသာ ထုတ်လို့ ရခဲ့ ပေမယ့် နဂါးတွေရဲ့ အကူအညီကြောင့် ၃ ရက်ကို တစ်ကြိမ် အလုပ်တွေ ပြီးစီး ပါတယ်တဲ့လေ။

နျင်းချု က ယဥ်ကျေးစွာ နဲ့ ပဲ မေးလိုက်လေတယ်။

'' ဆိုတော့ နဂါးတွေက ဒီမှာ အလုပ် လုပ်ပေး တဲ့ အတွက် သူတို့စားဖို့ အစားအစာ နဲ့ နားနေ ဖို့ အတွက် နေရာ ပြင်ဆင်ပေး  ပါသလား? ''

သူက ဘေးပတ်ဝန်းကျင် နေရာကို စူးစမ်း ကြည့်တဲ့ အခါ အတွင်းထဲမှာ လူပုလေး တွေရဲ့ အိပ်ယာ တွေပဲ ရှိနေတာ ကို တွေ့လိုက်ရ လေတယ်။ နဂါးတွေက အနားယူ တဲ့ အခါ အပြင်ဘက်မှာ ပဲ နေရာ တစ်ခု ရှာ ရတာ ဖြစ်နိုင် လောက်တယ်။

အီလေ က အသိဉာဏ် ရှိတဲ့ လူ တစ်ယောက် ဖြစ်တာ ​ကြောင့် နျင်းချု ဘာကို ဆိုလို သလဲ ဆိုတာကို တန်းပြီး သဘော ပေါက်လေတယ်။

'' သေချာတာ ပေါ့! ကျုပ်တို့ ကလည်း ခများတို့ရဲ့ ကြင်နာ စွာ ကူညီပေးမှု အတွက် အရမ်းကို ကျေးဇူး တင်နေတာပါ။ ကံမကောင်းစွာနဲ့ ပဲ အများကြီး ပေးဆပ်  ချင်ပေမယ့် ကျုပ်တို့ က မတက်နိုင်လို့ ဒီငွေပမာဏ အနည်းငယ် လောက်ကို တော့ လက်ခံပေး ပါနော်။ အဲ့တာ တွေကို နဂါးနတ်ဘုရား အသုံးလို တယ်ဆိုရင်....... ကျုပ်တော့ အံသြ မိမှာပဲဗျာ ''

အောင်းဝ်အာ့ က ခေါင်းကို မော့ကာ သမ်းလိုက်တယ်။

'' အာ....ဝူ ''

နျင်းချု က သူ့ရဲ့ လည်ပင်းလေး ကို ပွတ်ပေးကာ ပြုံးလိုက် ပြီးတော့ ပြောလိုက်တယ်။

'' သူက လိုအပ် တယ်လို့ ပြောတယ်ရယ် ''

အီလေ က နျင်းချု ကို တစ်ခြား နားနေ ဧရိယာ ဆီခေါ်ပြ ရင်း နဲ့ သိုလှောင် လက်စွပ် နှစ်ကွင်း ကို ပေးလိုက် လေတယ်။

'' အမှန်တော့လေ ကျုပ်တို့က နဂါးနတ်ဘုရား အတွက် ဒါကို အရင်ကတည်း က ပြင်ဆင်ထား တာ ကြ နေ ခဲ့ ပါပြီ။ ဒါပေမယ့် ဘယ်တုံး ကမှ အခွင့်အရေး မရ ခဲ့လို့ပါ....... ''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now