အပိုင်း (6)

2.2K 331 6
                                    

(6) ငွေ ဖြည့်သွင်းခြင်း (1)

နျင်းချု က ထို ပေါ်လာတဲ့ စနစ်ရဲ့ မက်ဆေ့ချ် တွေကို ကြည့်ပြီးတော့ ရှုပ်ထွေးနေသလို နားလဲ မလည်ခဲ့ပေ။

သူ မတော်တဆ မဖြစ်ခင် အချိန်တုံးက သူဟာ အောင်းဝ်ဝူ လေးကို ပုတ်ပြီးတော့ အိပ်ယာထဲမှာ သိပ်ပေးလိုက် သေးတယ်လေ။

အောင်းဝ်ဝူ က နဂါး၅ကောင်ထဲ မှာ အသေးဆုံးဖြစ်သလို အမ လေးလဲ ဖြစ်နေကာ အရွက်စား သီးသန့်လည်း ဖြစ်နေခဲ့တယ်။ သူလေးက တိတ်ဆိတ်ငြိမ်သက်ပြီး အရမ်းလည်း ရှက်တက်တဲ့ သူလေး ဖြစ်တယ်။ ပြီးတော့ နဂါး ၅ ကောင် ထဲမှာမှ သူလေးက အကျင့်အကောင်းဆုံး တစ်ကောင်ပဲ ဖြစ်တယ်။

တစ်ခါတုံးက နျင်းချူ ​ပျိုးထောင်ထားတဲ့ ယုန်တွေက လွတ်သွားပြီးတော့ သူတို့ထဲက တစ်ကောင်က အောင်းဝ်ဝူ ရဲ့ အိမ်လေး ထဲကို ဝင်သွား ခဲ့ဘူးတယ်။  ပြီးတော့ သူမရဲ့ အစာခွက်ထဲက ​အုတ်ဂျုံနု လေးတွေကို အကုန်လုံး စားသွားခဲ့သေးတာ။

နျင်းချု ရှာတွေ့ တဲ့ အချိန်မှာတော့ အောင်းဝ်ဝူလေး က နံရံထောင့်နားလေးမှာ ကွေးပြီး ပုန်းနေကာ နျင်းချု ပေါ်လာတာ ကို တွေ့တော့ မှပဲ သူ့လက်မောင်း ထဲကို အပြေးဝင်လာ ခဲ့တော့တာပဲ။

အောင်းဝ်ဝူလေး က မပျံ နိုင်ပေ။ ဒါပေမယ့် အမှန်တကယ်တော့ သူမမှာ အတောင်ပံ သေးသေးလေးတွေ ရှိပါတယ်။ တကယ်လို့ တစ်ယောက် ယောက် ကသာ သူမရဲ့ နောက်ကျောကို သေချာမကြည့်ဘူး ဆိုရင် အဲ့တောင်ပံ လေးတွေကို ရှာတွေ့မှာ မဟုတ်ပေ။ ထိုဟာတွေ က အရမ်းကို သေးနေတဲ့ အတွက်ကြောင့် သူတို့ကို အသုံးမပြုနိုင်ခဲ့တာ ပဲ ဖြစ်တယ်။

တစ်ခြား ရှားပါး နဂါးတွေ အကုန်လုံးက သူမလေးကို ချစ်ကြပြီးတော့ သူတို့ရဲ့ နောက်ကျောမှာ သူမလေးကို တက်စီးခွင့်ပေးကာ ပျံသန်းဖို့ ခေါ်သွားပေးလေ့ရှိတယ်။ ဒါပေမယ့် အခုကျတော့ ရုတ်တရက်ကြီး.....။

ဘယ်လိုလုပ် အောင်းဝ်ဝူ က သေသွားရတာလဲ?

နျင်းချု က ဘာတွေ မှားသွားတာ လဲ ဆိုတာ ကိုမသိတော့ပေ။

သူနဲ့ အချိန် အတော်အကြာကြီး ဝေးနေခဲ့လို့လား? ?

သူက သူ့ရဲ့ လက်ကို အရှေ့ထုတ်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ လက်ချောင်းတွေက မျက်နှာပြင်ကို ဖြတ်ကျော်သွား ခဲ့ပြီးတော့ မထိ နိုင်ခဲ့ပါပေ။ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးတဲ့ နောက်မှာတော့ နျင်းချု ခမျာ သူ့စိတ်ထဲက တွေးလိုက်ရုံနဲ့ ရတယ်ဆိုတာ ကို နောက်ဆုံးတော့ ရှာတွေ့သွားတော့တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now