အပိုင်း (96)

388 88 0
                                    

(96) သားပေါက်လေး များ ၁

အိပ်ဆောင် အတွင်းမှာ ကျန်နေ ခဲ့တဲ့ ဝူးယူး နဲ့ အောင်းဝ်စန်း တို့က လည်း နဂါးတွေ ချဥ်းကပ် လာတာကြောင့် ဖြစ်ပေါ်လာတဲ့ အရှုပ်အထွေး စူညံသံ တွေကို ကြား ရ လေတယ်။ 

အဲ့လို မျိုး တစ်စုံတစ်ရာ ဖြစ်တဲ့ အချိန်မှာ ပေါ်ဝမ် က အရမ်းကို ပြန်လာပြီး ပစ္စည်း တစ်ခုခုကို လာယူတာ ကြောင့် ဝူးယူး က သူ့ဘာသာ သူ လုံး ထွက်မပြပဲ ပေါ်ဝမ် ထွက် သွား မှာကို သာ စိတ်ရှည်ရှည် နဲ့ စောင့်နေ ခဲ့လေတယ်။ 

တံခါး လည်း ပိတ်သွား ပြီးတဲ့နောက် ဝူးယူး က လူသား ပုံစံ ပြောင်းလိုက် ပြီးတော့ ဝရံတာ ဆီကို သွားကာ ဘာတွေ ဖြစ်နေတာ လဲ ဆိုတာ ကို သွားကြည့် လိုက်လေတယ်။ 

အိပ်ဆောင် တွေနဲ့ နေရာ ကနေ လှမ်း ကြည့်မယ် ဆိုရင် ကျောင်းရဲ့ ဂိတ်နား ဆီကို မမြင် ရပါပေ။ ဘာလို့လဲ ဆိုတော့ အကယ်ဒမီ ထဲမှာ ရှိတဲ့ တစ်ခြား အဆောက်အအုံ တွေ က မြင်ကွင်း ကို ပိတ်ကွယ် ထား ကြ လို့ပဲ ဖြစ်လေတယ်။ 

တစ်ချို့ အရမ်းတွေ တုန်လှုပ် ကြောက်လန့် ပြီးတော့ သူတို့ရဲ့ ဘေးပတ်ဝန်းကျင် ဆီကို အော်ဟစ် ပြီး ပြေးလာတဲ့ ကျောင်းသား တွေ လည်း ရှိလေတယ်။ 

'' နဂါးတွေက အကယ်ဒမီ ကို တိုက်ခိုက် နေပြီ!''

အောင်းဝ်စန်း ကလည်း ဝရံတာ နားက ပြတင်းပေါက် ဆီကို ပျံသန်း သွားခဲ့ ပြီးတော့ ဝူးယူး နဲ့ အတူတူ အောက်ကို ငုံ့ကြည့် လိုက် ကြလေတယ်။ 

[ အဲ့နဂါး အစုအဝေး က အ​ကြောင်း အရင်း ဘာမှ မရှိပဲနဲ့ ဘယ်လို လုပ် အကယ်ဒမီ ကို တိုက်ခိုက်တာ မျိုး ဖြစ် မတဲ့လဲ..........အဲ့ နေရာကို သွားပြီးတော့ စစ်ဆေး ကြည့်ကြ မလား? ]

ဝူးယူး ဘာမှ မပြော ရသေးခင် မှာပဲ လေထုထဲ ကနေ အဝါညိုရောင် နဂါးကြီး တစ်ကောင် က လျင်မြန်စွာ ချဥ်းကပ် လာတာ က်ို တွေ့လိုက် ရလေတယ် ။

''အဲ့တာ က လေပြင်း ပဲ''

ဝူးယူး က ချက်ချင်း ပဲ သူ့ရဲ့ နဂါးပုကို ဆင့်ခေါ် လိုက်ကာ အောင်းဝ်စန်း ကို ပြောလိုက်တယ်။ 

'' အခုတော့ မင်း ဒီနေရာ မှာပဲ နေခဲ့အုံး ''

နဂါးပု က ဝရံတာ ရဲ့ အရှေ့မှာ ရောက်လာ တော့ ဝူးယူး က နဂါးပု ပေါ်ကို တက်စီး ပြီးတော့ ကျောင်းဂိတ်ဝ ဆီကို ဦးတည် ပြီး သွားလိုက် တော့လေတယ်။ 

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now