အပိုင်း (97)

665 136 0
                                    

(97) သားပေါက်လေး များ ၂

ဝှစ်တုံ က ထို ကျောင်းသား ညွှန်ပြတဲ့ နေရာကို ကြည့်လိုက်တော့ ထိုနေရာမှာ ဘာမှ မရှိနေ ပဲ ကျယ်ပြောတဲ့ ကောင်းကင် ကြီးသာ ရှိနေ လေတယ်။

ထို ကျောင်းသား ရဲ့ အမူအရာ ကလည်း လုံးဝ ကို ဟန်ဆောင် နေတာ အဖြစ် နိုင်ပါပေ။ အမှန်တော့ မှော်နဂါး တကယ် ပေါ်လာတယ် ဆိုရင်တောင်မှ ထို မှော်နဂါး က ချက်ချင်းပဲ အရိပ်တောင် မချန်ပဲ ထွက်ပြေး သွားလေ့ ရှိတယ်လေ။

သူက ကျောင်းသား တစ်ယောက် ကို တောင် မတားနိုင် ခဲ့တဲ့ အပြင် သူတို့နဲ့အနီးကပ်ဆုံး နေရာမှာ ရှိနေ ခဲ့တဲ့ မှော်နဂါး တစ်ကောင် ကိုလည်း သူတို့ သတိပြု မိဖို့ ရာ အတွက် ပျက်ကွက် ခဲ့လေတယ်။ ဒါကြောင့် ဝှစ်တုံ ရဲ့ မျက်နှာ က အတော်လေး ကို ကောင်း မနေ တော့ပါပေ။ သူက စကားမပြောခင် သူ့ရဲ့ နောက်လိုက် ငယ်သား တွေကို ကြည့်လိုက်တယ်။

'' သူတို့ကို လူတွေ မြန်မြန် ပို့ပေး ဖို့ ပြောလိုက် ပြီးတော့ အာရုံခံ အချပ်ပြား ကိုပါ အသစ် ထပ်လုပ် ပေးဖို့ ပြောလိုက် ''

အရင်တုံး က အကျိုးသက်ရောက် မှု ဘယ်လို ရှိလဲ ဆိုတာ ကို စမ်းသပ် ကြည့်ဖို့ရာ အတွက် မှော်အကြွင်းကျန် အာရုံခံ အချပ်ပြား တစ်ခု ထဲကို ပဲ ဖန်တီးခဲ့တာ ဖြစ်ပြီးတော့ အဲ့တာ ကိုလည်း သိပ်မကြာ ခင် ကမှ ရခဲ့တာ ဖြစ်လေတယ်။ ဒါပေမယ့် အဲ့ တစ်ခုတည်း သော အချပ်ပြား ကပဲ သင်းအုပ် ခေါင်းဆောင် သေသွားတဲ့ ညမှာ ပဲ ပျောက်ဆုံး သွားခဲ့တယ်။

ထိုအာရုံခံ အချပ်ပြား မပါပဲနဲ့ မှော်နဂါး တွေရဲ့ လမ်းကြောင်း ကို ရှာဖွေ နိုင်ဖို့ ဆိုတာ က တကယ်ပဲ မဖြစ် နိုင်ပါပေ။

ဝှစ်တုံ က ကောင်းကင် ပေါ်ကို နောက်ဆုံး အနေနဲ့ တစ်ချက် ကြည့် ပြီးတော့ မှ ထွက်သွား လေတယ်။

ဝူးယူး က လေပြင်း နဂါး နောက်ကို လိုက်နေ တဲ့ လမ်းတစ်ဝက် မှာတင် ရပ်သွားလေတယ်။ လေပြင်းနဂါး ရဲ့ ပျံသန်း နှုန်း က မြန်ပြီးတော့ အခုချိန်မှာ သူက လူသား ပုံစံ နဲ့ ဖြစ်ကာ ပျံသန်းနှုန်း ကို သာမန် နဂါး ပု အပေါ်ဆီပဲ မှီခိုနေ ရတဲ့အတွက် ကြောင့် သူက လေပြင်း နဂါးကို လိုက်လို့ မမှီပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now