အပိုင်း (84)

392 102 0
                                    

(84) ဘေးချင်းယှဥ်တွဲတိုက်ခိုက်ခြင်း 3

မိုးတွေ က ​ပိုလို့တောင် သည်းထန်စွာ ရွာကျ လာပြီးတော့ မိုးကြိုးလျှပ်စီး တွေကလည်း ခြိမ်းနေ ခဲ့လေတယ်။ သင်းအုပ် ခေါင်းဆောင် က ကောင်းကင်ပေါ်ကို ဘယ်ညာ ယိမ်းထိုးရင်း မော့ ကြည့်လိုက်ကာ သူ့နောက်ကျော ဆီကနေ နာကျင်မှု က စိမ့်တက် လာခဲ့တယ်။

သင်းအုပ်ခေါင်းဆောင် က မြေပြင်ပေါ်ကို လဲကျ သွားပြီးတော့ သွေးတွေ အန်ထုတ် လိုက်တယ်။ ကြီးမားတဲ့ နဂါး​ခြေဖဝါး က သူ့နောက်ကျောပေါ် မှာ တက်နင်းထား တဲ့ အတွက်ကြောင့် သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေ ကလည်း ကြေမွကာ အချပ်ပြား ကလည်း သူ့လက်မောင်း ထဲကနေ ထွက်ကျ သွားပြီးတော့ ​ကျိုးသွားလေတယ်။

သူ့ရဲ့ အသိစိတ်တွေ လုံးဝ မဆုံး ရှုံးသွားခင်မှာ ခရမ်းရောင် နဂါးကြီး က သိပ်မဝေးတဲ့ နေရာမှာ ရပ်လိုက်တဲ့ အခါ အနက်ရောင် ဝတ်ထားတဲ့ လူက သူ့မျက်နှာဖုံး ကို ချွတ်ကာ နဂါးဆီကို ပြေးသွားတာကို မြင်လိုက်  ရလေတယ်။

မိုးကြိုးလျှပ်စီး နဂါးရဲ့ အရွယ်ရောက် ပုံစံက သူ့ရဲ့နဂါး တောင်ပံတွေကို ပြန်သိမ်းလိုက် ပြီးတော့ လျှပ်စီးတွေက သူ့ရဲ့ နဖူးပေါ်မှာ ရှိတဲ့ ဦးခေါင်းထိပ် က ဂျိုလေး ဆီကနေ ပျံလွင့် နေခဲ့လေတယ်။

အဲ့တာ က အောင်းဝ်စစ် ပဲ!

နျင်းချု က အရမ်းကို အံ့သြ သွားပြီးတော့ မြေပြင်ပေါ်က အလောင်းတွေ ကို တက်နင်းကာ နဂါးဆီကို ပြေးသွားခဲ့ လေတယ်။

'' အောင်းဝ်စစ်! ''

အောင်းဝ်စစ် က အစကတော့ ပဟေဠိ တောအုပ် အနက်ထဲကို သွားဖို့လုပ် ထားတာ ဖြစ်ပြီး အဲ့တာက ဝူးယူး တက်နေတဲ့ ကျောင်းနဲ့ အတော်လေး ကို နီးတဲ့ နေရာပဲ ဖြစ်တယ်လေ။

သူလည်း ပဟေဠိ တောအုပ်ကို ရောက်တာ နဲ့ အရင်က ထက် မတူစွာ လုံးဝ ကွဲပြားနေတာ ကို တွေ့လိုက် ရတော့ အောင်းဝ် စစ်လေး အတော် အံ့သြ သွားခဲ့ ရတာ ပဲ ဖြစ်လေတယ် ။

ညအချိန် ကြာတဲ့ အထိ စောင့်ခဲ့ ပေမယ့် သူက ဝူးယူး ရဲ့ အရိပ်ကိုတောင် မတွေ့ခဲ့ ရတာကြောင့် နေရာကနေ ခွာပြီးတော့ ဝူးယူး ကို လိုက်ရှာဖို့ လုပ်ခဲ့ ပေမယ့် အဝေးတစ်နေရာ ဆီက လှုပ်ရှား မှုတွေက သူ့ကို ဆွဲဆောင် သွားခဲ့တယ်လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Hikayelerin yaşadığı yer. Şimdi keşfedin