အပိုင်း (87)

631 132 0
                                    

(87) ပြန်လည်စုံစည်းမှု ၁

'' ဟမ်း.... ''

နျင်းချု က သူ့ဆီကို ပျံသန်းလာ ပြီးတော့ လျှို့ဝှက်ချက် တွေ အကုန် တူးဖော် ပြနေတဲ့ အောင်းဝ်စစ် လေးကို ကိုင်ထားပေးကာ ခေါင်းလေး နဲ့ နဖူးပေါ်က ဦးချို လေး  ငြင်သာစွာ ပွတ်သပ် ပေးနေ ခဲ့လေတယ်။

''ငါ မင်းကို ပြောတာ မှားသွားတာ ပဲကိုး။ မင်းက ဒီနေရာကို ယုံကြည်ချက် ရှိရှိ လာခဲ့တာ ပဲပေါ့.......... ဆိုတော့ မင်းက သူ့ကို ရှာတာ ပဲကိုး..... ''

အောင်းဝ်စစ် က ဝူးယူး ကို ရှာဖို့ အတွက် ဒီနေရာ ကို လာခဲ့တာ ဖြစ်ပြီးပေမယ့် မိုးကြိုး တိမ်တိုက် တွေကို နျင်းချု က မြင်လိုက် ရတာ ပဲ ဖြစ်လေတယ်။ အဲ့နောက်မှာ တော့ သူနဲ့ အောင်းဝ်စစ် တို့က တွေ့ဆုံ ခဲ့တာ ပဲ ဖြစ်လေတယ်။

သေချာတာပေါ့ အောင်းဝ်စစ် က လူသား တစ်ယောက် ကို ရှာဖို့ လာတယ် ဆိုတာက လုံးဝ မဟုတ်ဘူးလေ။ ဒါကြောင့် ဝူးယူး က အောင်းဝ်ပေါင်ပေါင်း အစစ်ပဲ ဖြစ်ရမယ်။ ဝူးယူး ရဲ့ အချက်အလက် အမှန်ကို နျင်းချု တစ်ယောက် အောင်းဝ်စစ် ဆီက နေ အတည်ပြု ပြီးတဲ့ နောက်မှာတော့ အရမ်းကြီး မအံ့သြ သွားပါပေ။

သူက အဲ့အကြောင်းကို အရင်ကတည်း က သံသယ ဝင်ခဲ့တာ ပဲ ဖြစ်လေတယ်။ အခုတော့ သူ့ရဲ့ ခန့်မှန်းချက် တွေကို အတည်ပြု ပြီးတာနဲ့ အစောပိုင်း တုံး က ဝူးယူး လုပ်ခဲ့ သမျှ ထူးဆန်း နေတာတွေ အကုန်လုံး က အဓိပ္ပာယ် ရှိသွား ပြီပဲ ဖြစ်လေတယ်။

ဒါပေမယ့် နျင်းချု နားမလည် တာက ဘာကြောင့် အောင်းဝ် ပေါင်ပေါင်း က သူ့ဆီကနေ အဲ့အကြောင်း ကို ကွယ်ဝှက်ထား ရတာ လဲ ဆိုတာကို ပဲ။ အောင်းဝ် ပေါင်ပေါင်း ရဲ့ စရိုက် ကို ပြန်ပြီးတော့ တွေးမိတဲ့ အခါ နျင်းချု အနည်းငယ်တော့ သဘောပေါက် လာဟန် ပေါ်လေတယ်။

အရင် တုံးကဆို သူ ကိုယ်တိုင်လည်း ပျိုးထောင်ပေး ခဲ့တဲ့ နဂါးတစ်ကောင် က တစ်နေ့မှာတော့ လူသား တစ်ယောက် ဖြစ်လာ လိမ့်မယ် လို့ တစ်ခါမှ မတွေး မိခဲ့ ဘူးဘူး လေ။

သူက တကယ်ပဲ ဒဏ္ဏာရီအဆင့် နဂါး တစ်ကောင်ကိုး........။

တစ်ကယ်လို့ တစ်ခြား နဂါးတွေသာ လူသား ပုံစံကို ပြောင်းနိုင်တယ် ဆိုရင် သူတို့က လူတွေ ဆီကနေ ပုန်းကွယ်ဖို့ ဘာအတွက်ကြောင့်များ နဂါးပေါက်စ လေးတွေ အဖြစ် ပြောင်းလဲ ဖို့ လိုအပ် ပါလိမ့်မလဲ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Onde histórias criam vida. Descubra agora