အပိုင်း (59)

902 165 0
                                    

(59) အစာကျွေးခြင်း ၁

နျင်းချု က နောက်တစ်နေ့လည်း ဂိမ်းထဲကို ဝင်တဲ့ အခါ အောင်းဝ်စစ်ကို မတွေ့ခဲ့ပါပေ။ ဒါပေမယ့် အောင်းဝ်စစ် က ကျွန်းပေါ်မှာ သူ့ရဲ့ ကိုယ်ပိုင် အမှတ်အသား နဲ့ သူ့ဘာသာ သူ ထွက်သွားတာ ဖြစ်ပြီးတော့ သူက ဘာအန္တရယ်မှ မရှိဘူး ဆိုတာ ကို ပြခဲ့တာကြောင့် နျင်းချု က စိတ်ပူနေရာ ကနေ လျော့ကျ သွားလေတယ်။

ဒါပေမယ့် အဲ့ဒီ စာကြောင်း နှစ်ခု က ဘာကို ဆိုလိုချင်တာ လဲ?

အောင်းဝ်စစ် က သူ့ဆီ လာတာ ဖြစ်လောက် မလား?

ဒါပေမယ့် အောင်းဝ်စစ် က သူဘယ်နေရာမှာ ရှိသလဲ ဆိုတာကို သိမှမသိတာလေ။

နျင်းချု က အဲ့ အကြောင်းကို အောင်းဝ်စန်း နဲ့ အောင်းဝ်ပေါင်ပေါင်း တို့ကို ပြောပြပေမယ့် သူတို့ကလည်း အောင်းဝ်စစ် ဘာဖြစ်ချင် နေတာ လဲဆိုတာ ကို သေချာ မသိပါပေ။

အောင်းဝ်ဝူ ကတော့ ခေါင်းအုံးလေးပေါ် ထိုင်ကာ နျင်းချု တစ်ယောက် အောင်းဝ်စစ် အကြောင်း ပြောနေတာကို အုပ်ဂျုံလေး စားရင်းနဲ့ နားထောင် နေခဲ့ လေတယ်။

သူမ က အောင်းဝ်စစ်ကို မတွေ့ ရတာ အချိန်အတော် ကြာ ရှိနေပြီးတော့ တစ်ခြား နဂါး နှစ်ကောင် ကိုလည်း မတွေ့ခဲ့ ပါပေ။ အထူးသ​ဖြင့် အောင်းဝ်အာ့ ပေါ့......။

အောင်းဝ်ဝူ က အုပ်ဂျုံလေး တွေ စားပြီးတာနဲ့ ချက်ချင်း ပဲ နျင်းချု ရဲ့ ဒူးပေါ်ကို တက်ကာ လှဲချ ပြီး နျင်းချု ရဲ့ လက်နောက်ကို ပွတ်သပ်နေ ခဲ့လေတယ်။

'' ရက်အနည်းငယ်လောက် စောင့်ကြ တာပေါ့။ ဒီလိုဆို မှတော့ သူ့ဘာသာ သူ ပဲ ပြန်လာလောက် မှာပါ........  ''

နျင်းချု က ငုံ့ကာ အောင်းဝ်ဝူ ကို ထိကြည့်ပြီးတော့ ရုတ်တရက် တစ်စုံတစ်ခု ကို ပြောလိုက်လေတယ်။

'' အောင်းဝ်ဝူ ရဲ့ တောင်ပံလေး တွေက ပိုကြီးလာ သလားလို့ ပါ ''

အတိတ်မှာ တုံးက အောင်းဝ်ဝူ ရဲ့ နောက်ကျော က နဂါးအတောင် တွေဟာ အရမ်းကို တိုလေတယ်။ ပြီးတော့ အဲ့တာ တွေကို သူမက လုံးဝ အပြီးထိ ဖွင့်လိုက်ရင်တောင် သူမရဲ့ လည်ပင်းနား အထိ ကို မရောက်ပါပေ။ ပြီးတော့ အဲ့တာတွေ က သူမရဲ့ အကြေးခွံ မှာ ကပ်နေတယ်လေ။ အခုတော့ နဂါး တောင်ပံ တစ်စုံ က သိသိသာသာ ကြီးကို ကြီးလာ ပြီးတော့ အရင်ကလိုမျိုး ကွေးနေဟန် မပေါ်တော့ပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now