အပိုင်း (51)

1.3K 261 2
                                    

(51) ဖေဖေ့ ကို ရှာမယ် ၃

ထိုလူတွေက နဂါးကျွန်းကို ရှာလိုတာပဲ။

မှော်နဂါးတွေက လျှို့ဝှက်ပြီးတော့ ရှာဖွေရတာ ခက်ခဲတယ်။ တစ်ချို့လူတွေ ပြောကြတာကတော့ သူတို့တွေ အချိန်တိုင်း ပျောက်သွား တက်ကြတာက သူတို့ဟာ နဂါးကျွန်းလို့ ခေါ်တဲ့ လျှို့ဝှက် နယ်မြေထဲကို ဝင်သွား တက်ကြလို့တဲ့။

နဂါးတွေ ကသာလျှင် ထိုနယ်မြေ ထဲကို ဝင်နိုင်တယ်။ ပြီးတော့ နဂါးကျွန်းမှာ ဒဏ္ဍာရီ လာ နဂါးဘုရင် လည်း ရှိသေးတယ်တဲ့။ ထိုနဂါးဘုရင်ကို အောင်မြင်စွာ ထိန်းကျောင်း နိုင်သည် ဖြစ်စေ သတ်နိုင်သည် ဖြစ်စေ နဂါးကျွန်း တစ်ခုလုံးက နဂါးတွေ ကို ထိန်းချုပ် အမိန့်ပေး ထိန်းချုပ်လို့ ရမှာ ဖြစ်သလို နဂါးဘုရင်ရဲ့ စွမ်းအားတွေ အကုန်လုံးကို လည်း ရရှိပြီးတော့ နဂါးမျိုးနွယ် တွေကို အောင်နိုင်မယ်တဲ့လေ။

ဒါပေမယ့် ထိုအခြေအနေ က လုံးဝ ကို မယုံကြည် နိုင်ဖွယ်ရာ ဖြစ်ပြီးတော့ မှော်နဂါး ငါးကောင် အတွက် ကလည်း နဂါးဘုရင်လိုပဲ ကောလဟာလ တွေထွက်နေခဲ့တယ်လေ။ ဒါပေမယ့် မှန်သလား မမှန်ဘူးလား ဆိုတာကတော့ မသိကြပေ။

ထိုအကြောင်းကို နျင်းချု က စုဝေးစျေးတန်း မှာ တစ်ကြိမ် ကြားခဲ့ ဘူးတာ ဖြစ်ပြီးတော့ ထိုကောလဟာလ တွေကို ဘယ်သူကမှ သိပ်ပြီးတော့ အယုံကြည်မရှိ ကြပေ။

တကယ်လို့ အောင်းဝ်ဝူ ကိုသာ ထိုအဖွဲ့က ဖမ်းမိတယ်ဆိုရင် သူတို့တွေက အောင်းဝ်ဝူဟာ သူတို့ကို နဂါးကျွန်းဆီ ခေါ်သွား စေချင်တာ ဖြစ်ရမှာ ပေါ့......... ။ ဒါပေမယ့် သူတို့က အောင်းဝ်ဝူနဲ့ နဂါးလေးတွေ အကုန်လုံးကို သတ်ပစ်ခဲ့တယ်လေ။

ထိုလူတွေက ဘာတွေ လုပ်ခဲ့ သလဲ ဆိုတာကို နျင်းချု တွေးကြည့် ဖို့က မခက်ခဲ ပါပေ။ သူက အောင်းဝူ ဘာပြောချင်တာ လဲ ဆိုတာကို အကြမ်းဖျင်း ခန့်မှန်း ကြည့်လို့ရပါတယ်။

အောင်းဝ်စန်းက အရမ်းတွေ ဒေါသထွက်နေပြီးတော့ လေထဲမှာ ပျံသန်းနေကာ ပါးစပ်ကနေ ဒေါသတကြီး မီးတွေ မရပ်မနား မှုတ်ထုတ် နေလေတယ်။ သူက အိပ်ယာလိုက်ကာ ပေါ်ကို မီးလုံး ပစ်မိသွားပြီးတော့ လက်သန်းတစ်ခုစာ အပေါက်ဖြစ်သွား အောင် ရှို့မိသွားလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now