အပိုင်း (79)

413 83 0
                                    

(79) အနှစ်သက်ဆုံး လူ (1)

နျင်းချု နဲ့ ဝူးယူး တို့က ဒီနေ့မှာတော့ နဂါးပုကို စီးရမယ့် အစား လမ်းပဲ လျောက်သွားလေတယ်။ နှစ်ယောက် သား လမ်းလျောက် နေရင်း နဲ့ပဲ နျင်းချု က ဘယ်ဘက်ကို သွားမလဲ ဆိုတဲ့ ဦးတည်ချက်ကို ရွေးချယ် နေခဲ့လေတယ်။

ဝူးယူး က နဂါးပု ကို လွတ်ပေးကာ သူတို့နောက် ကနေ လမ်းလျောက် ပြီး လိုက်ခိုင်းတဲ့ အခါ မှာတော့ နျင်းချု က ထိုဟာကို လမ်းလျောက် ခိုင်းတဲ့ အတွက် ဘာမှ မပြောခဲ့ ပါပေ။ ပြီးတော့ ဝူးယူး ကလည်း ဘာကိုမှ မ​ပြောခဲ့ပေ။

ဝူးယူး တစ်ယောက် တစ်လမ်းလုံး တိတ်ဆိတ် နေခဲ့ လေတယ်။ အမှန်တော့ အရင်ကလည်း ဝူးယူး က စကားတွေ အများကြီး ပြောတက်တဲ့ လူမျိုး မဟုတ်ပေမယ့်လည်း......... မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် နျင်းချု ကတော့ လေထု ကြီး က အတော်လေး ထူးဆန်း နေတယ်လို့ ခံစား နေရတယ်လေ။

သူက သူ့ခေါင်းကို အကြိမ်ပေါင်း များစွာ လှည့်ကာ လှမ်းလှမ်းပြီး တော့ ကြည့်နေ တဲ့ အတွက်ကြောင့် အဲ့တာ က အရမ်းကို သိသာ လွန်းလို့ ဝူးယူး က သူ့ရဲ့ မျက်ခွံလေး တွေကို ပင့်တက် လာကာ ကြည့်လိုက် လေတယ်။

'' ? ..''

ဝူးယူး က ဘာမှ မပြောခဲ့ ပေမယ့် နျင်းချု ကတော့ သူ့မျက်လုံး ထဲက သံသယဖြစ်နေတဲ့ စိတ်ခံစားချက်ကို ဖတ်တက် လေတယ်။ နျင်းချု က ချောင်းအသာ လေး ဆိုးလိုက် လေတယ်။

'' မနေ့ တုံးက........''

ဝူးယူး ရဲ့ မျက်ခွံ တွေက ကြုံ့သွားကာ နျင်းချု နဲ့ အကြည့်ဆုံနေတာ ကို အဝေးကို လွဲခြင်းမျိုး မရှိပဲ ဆက်ကြည့် နေလေတယ်။

'' ...... အင်ဟင် ''

'' အတင်းအဖျင်း ကြိုက်တဲ့ လူတွေက အဲ့ကောလဟာလ တွေကို ဖြန့်နေ ကျတာပါ ''

နျင်းချု က ဆက်​ပြောတယ်။

'' အဲ့တာ ကို အရမ်းကြီး စိတ်ထဲမှာ မမှတ်ယူ လိုက်နဲ့နော်။ နောက်တစ်ခါ ငါမင်း နဲ့ တွေ့တဲ့ အခါ ကျရင် ငါသေချာပေါက် ကောင်းကောင်း ပြုမူ ပါ့မယ် ......  ''

ဝူးယူး ရဲ့ စိတ်ထဲမှာတော့ နျင်းချု ထက် ပိုပြီးတော့ အဲ့ကိစ္စ ကို အလေးအနက် ထားတာ ဖြစ်လို့ အတွေးများနေချိန် ဝူးယူး က သာမန်ကာလျှံကာ ပဲ ' အင်း ' လို့ ပြောလိုက်ပြီးတော့ နျင်းချု ဘာတွေ ပြောလိုက်တာ လဲ ဆိုတာကို သေချာ မသိခဲ့ပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now