အပိုင်း (95)

400 97 2
                                    

(95) အဲ့တာ က နဂါး တစ်ကောင်ပဲ! ၃

နျင်းချု က စိန်ခေါ်လွှာ တွေနဲ့ ချုပ်ထား တဲ့ စာအုပ်ကို လှန်ရင်း ပြောလိုက် လေတယ်။

'' ပြီးတော့ရော? ''

'' ငါက သူတို့ကို ဘာ တစ်ခုမှ မပြောလိုက် ဘူးလေ။ သေချာပေါက်ပေါ့ကွ! ''

ဒွန်နယ် က ချက်ချင်း ပဲ ပြောလိုက်တယ်။

'' ဒါပေမယ့် ဒီနေ့ညတော့ မင်း ပြိုင်ပွဲ လာပြိုင် လို့ကတော့ သေချာပေါက် သူတို့က လာပြီးတော့ ကြည့်ကြ အုံးမှာပဲ ''

နျင်းချု က ပြုံးလိုက်တယ်။

'' အဲ့တာ က အဆင် ပြေ ပါတယ် ''

သူတို့က သူ့ကို ရှာနေတဲ့ အတွက်ကြောင့် သူက စိတ်ပူ နေမှာတော့ မဟုတ်ဘူးလေ။

_____________

နျင်းချု က အိပ်ဆောင် ဆီကို ပြန်သွား ပြီးတော့ ဒီနေ့ည ပြိုင်ပွဲ မတိုင်ခင် မှာ နဂါးလေး လေးကောင်းကို နေရာ ရွေ့ပေးဖို့ လုပ်ထား လေတယ်။

သူ့ရဲ့ အိပ်ကပ်မှာ နေရာ အကန့်အသတ် ရှိတာကြောင့် သူက လေးကောင် လုံး ကို တစ်ပြိုင်ထဲ ထိုးသိပ် ပြီးတော့ ခေါ်သွား လို့ မရ ပါပေ။ အဲ့တာ က အရမ်းကြီး မြင်သာ နေ မှာပဲ ဖြစ်လေတယ်။

တစ်ခဏ တွေးပြီးတဲ့နောက် သူတို့လေး တွေကို နှစ်သုတ် ခွဲ ပြီး ပို့ဆောင် ပေးဖို့ နျင်းချု တွေးလိုက် မိကာ အောင်းဝ်ဝူ နဲ့ အောင်းဝ်စစ် တို့ ကို အရင်ဆုံး ခေါ်သွား ဖို့ ပဲ လုပ်လိုက်တယ်။

ပြီးတော့ ကျန်တဲ့ နဂါးလေး နှစ်ကောင် ကို သတိ ပေးလိုက် လေတယ်။

'' ငါ မကြာခင် မှာပဲ ပြန်လာခဲ့ မယ်။ မင်းတို့ လျောက်ပတ် ပြေး မနေနဲ့နော်။''

နျင်းချု က အိပ်ဆောင် ကနေ မထွက်သွားခင် အတွင်းဘက် အိပ်ကပ် ထဲမှာ အောင်းဝ်ဝူ ကို ထည့်ကာ အပြင်ဘက် အိပ်ကပ် မှာတော့ အောင်းဝ် စစ် ကို ထည့်လိုက် လေတယ်။

အဲ့အချိန်မှာတော့ ကျောင်းရဲ့ ဂိတ်ဝ မှာ လူတွေ အများကြီး ပြုံတိုး နေကြ လေတယ်။ ဘာလို့လဲ ဆိုတော့ အစောက ကြီးမြတ်တဲ့ နျင်း က ဒီနေ့ညမှာ ပြိုင်ရမယ့် ပွဲစဥ် ရှိပါ သတဲ့လေ။ ဒါကြောင့် သူတို့က ပွဲ ကြည့်စင် မှာ နေရာကောင်းကောင်း လေး တစ်ခု ရဖို့ သွားပြီး ကြိုထိုင် ချင် နေကြတာ ပဲ ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now