အပိုင်း (91)

390 82 0
                                    

(91) ဒီအိပ်ယာ က ကျဥ်းလွန်းတယ် ၂

အချပ်ပြား ကလည်း အဲ့ထဲ မှာ ပါလေတယ်။ နျင်းချု က အဲ့တာကို လက်ထဲမှာ ကိုင်ပြီးတော့ အသေအချာ စူးစမ်း ခဲ့ပေမယ့် အဲ့အချိန်မှာတော့ ညွှန်တံ က တိတ်တဆိတ်ပဲ လဲလျောင်း နေခဲ့တယ်လေ။ လုံးဝ ကို ဘာမှ မဖြစ်လာပေ။

သူက လေထဲက မှော်နဂါး တွေရဲ့ မှော်ဒြပ်စင် အကြွင်းအကျန် တွေကို အာရုံခံ ဖို့ လုပ်ခဲ့ ပေမယ့် အဲ့တာ က ဘာမှကို လုပ်ရှားမလာ ခဲ့ ပါပေ။

အဲ့တာ က မနေ့ည တုံး ကပဲ အလုပ် လုပ်နေ သေးတယ် မဟုတ်လား။

အဲ့တာ က ပျက်စီး သွားတာ များလား?

နျင်းချု က အချပ်ပြား ကို ချ လိုက် ပြီးတော့ မြေပုံကို ဖွင့်လိုက် လေတယ်။

မြေပုံ ပေါ်မှာ အနီ ၊ ခရမ်း နဲ့ အစိမ်းရောင် အမှတ် အသားတွေ ကို နေရာအနှံ့မှာ မှတ်သား ထားလေတယ်။ ပြီးတော့ နျင်းချု က သတိထား မိသွားတာ က ထို တည်နေရာ တွေက ပဟေဠိ တောအုပ်နဲ့ လန့်စ်အကယ်ဒမီ နား မှာလည်း ပါနေသေးတယ် ဆိုတာ ကိုပေါ့။

အနီရောင် အမှတ် တွေက ပဟေဠိ တောအုပ်ထဲ က နေရာ အတော်များများ မှာ ရှိ​နေ ပြီးတော့ နောက်တစ်မှတ် ကတော့ နူဘမြစ်နား မှာပဲ ဖြစ်လေတယ်။

အဲ့ဒါ....အဲ့ဒါတွေက အောင်းဝ်စန်း အရင်က ပေါ်လာ ဘူးတဲ့ နေရာတွေပဲ။

နျင်းချု က ထိုတစ်ခဏ မှာပဲ အရမ်းကို သတိ ကြီး သွားပြီးနောက် သတိပြု မိသွားတာ က လန့်စ် အကယ်ဒမီ ပေါ်မှာတော့ အမှတ်အသား မရှိတာ ကို တွေ့လိုက် ရ​လေတယ်။ သူက အနည်းငယ် တော့ စိတ်သက်သာရာ ရသွား လေတယ်။

ဒီလူတွေက အကယ်ဒမီ ထဲမှာ မှော်နဂါးတွေ အများကြီး ပုန်းအောင်းနေ မယ်ဆိုတာကို တစ်ယောက် မှ သိကြမှာ မဟုတ်ဘူး ။

ပြီးတော့ အခုချိန်မှာ နဂါးနက်လေး က အတော်လေး တည်ငြိမ် သွားပြီ ပဲ ဖြစ်လေတယ်။ အကယ်ဒမီ တစ်ခုလုံး ကို မှော်အကာအကွယ် လုပ်ထားတာ ဖြစ်တဲ့ အတွက်ကြောင့် အခုချိန်မှာ အပြင် ထွက်လို ပါက အဲ့တာ ဟာ တကယ်ကို မလွယ်ကူ ပါပေ။

တကယ်လို့ သူသာ အားသုံး ပြီးတော့ ဖောက်ထွက် မယ်ဆို နျင်းချု နဲ့ ကျန်တဲ့ နဂါးလေးတွေက ရှာဖွေ့တွေ့ ရှိသွား ပြီးတော့ ပြဿနာ တွေ တက်လာလိမ့်မယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora