အပိုင်း (85)

407 97 0
                                    

(85) အမြီးစွပ် အကွင်းလေး ၁

အောင်းဝ် စစ် က စိုးရိမ် ပူပန် နေကာ နျင်းချု ကို စက်ဝိုင်းသဖွယ် လှည့်ပတ် နေပြီးတော့ ဘာတွေ ဖြစ်သွားတာ လဲ ဆိုတာကို အဖြေထုတ်ဖို့ ကြိုးစား နေခဲ့ လေတယ်။

သူက ကိစ္စ တွေ အများကြီး နဲ့ လွဲချော် ခဲ့ရတဲ့ ပုံပဲ။ အပြင်မှာ ရောက်နေတဲ့ သူတွေက နျင်းချု နဲ့ တွေ့ပြီးတော့ သူ တစ်ကောင် ထဲကသာ နဂါးကျွန်းပေါ်မှာ ကျန်ပြီး ဘာမှ မသိ ခဲ့ရတာ ပေါ့လေ။

အောင်းဝ်စ် စန်း ကတော့ အရမ်းကို တည်ငြိမ် နေကာ သူ့ရဲ့ အရှေ့ခြေသည်း ကို ထုတ်ပြီးတော် ပျံသန်း နေတဲ့ အောင်းဝ်စစ်ကို ဆွဲလိုက် ပြီးတော့ သူ့ကို တိတ်တိတ်လေး နေခိုင်းဖို့ ကြိုးစား လိုက်လေတယ်။

အမှောင်ထဲ မှာတော့ နျင်းချု က သင်းအုပ် ခေါင်းဆောင် အလောင်း နားကို လမ်းလျောက် သွားလိုက် ပြီးတော့ ဘေးနား က မြေပြင် ပေါ်မှာ ကျကာ ကျိုးပဲ့ သွားတဲ့ အချပ်ပြား လေးကို ကောက်ယူ လိုက်တယ်။

အချပ်ပြား မျက်နှာပြင် ပေါ်က ဖန်သားအလွှာ ကတော့ လုံးဝ ကို ကျိုးပဲ့နေပြီ ပဲ ဖြစ်လေတယ်။ ပြီးတော့ အချပ်ပြား ရဲ့ နောက်မှာတော့ အရောင် ၅ မျိုးကို ခြယ်ထားတာ ကိုတွေ့လိုက် ရလေတယ်။

အနီ၊ အစိမ်း ၊ အပြာ ၊ အဝါ နဲ့ ခရမ်းရောင်။

နျင်းချု က မျက်မှောင် ကြုတ်ပြီးတော့ အောင်းဝ်စစ်နဲ့ အောင်းဝ် စန်း ဆီကို ကြည့်လိုက် လေတယ်။

သူက အကယ်ဒမီ ကနေ ထွက်မလာခင် သူတို့ ဘေးနားမှာ လူ တစ်ယောက် မှ မရှိတာကို သေချာ ကြည့်ခဲ့ ပြီးတော့ ဘယ်သူ ကမှ သူ ဒါမှမဟုတ် အောင်းဝ်စန်း ကိုတွေ့ပြီး သူတို့ နောက်ကို မလိုက်ခဲ့ဘူး ဆိုတာ သေချာ လေတယ်။ ဒီနေရာကို ညလယ်ခေါင် ကြီးမှ ချက်ကျောင်း က လူတွေ ရောက်လာတယ် ဆိုတာ က တကယ့်ကို ငါးညှီနံ့ တစ်ခုခုတော့ ရှိရမယ်။

သူက ထိုအချပ်ပြားကို သိမ်းလိုက် ပြီးတော့ မြေပြင်ပေါ်က အလောင်းတွေ ဆီကနေ ပစ္စည်းတွေ ရှာဖွေတော့တယ်။ ဥပမာ အားဖြင့် သူတို့ရဲ့ သိုလှောင်အိတ် တွေနဲ့ သိုလှောင် လက်စွပ် တွေလိုမျိုး ပေါ့လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now