အပိုင်း (83)

407 94 0
                                    

(83) ဘေးချင်းယှဥ်တွဲ တိုက်ခိုက်ခြင်း၂

သူက အချပ်ပြားကို ပြန်သိမ်းလိုက်ပြီးတော့ လေထုထဲကို ကြည့်ကာ တွေးလိုက် လေတယ်။

'' အဲ့နေရာမှာ နောက်တစ်ကောင် ရှိနေတာများလား ''

ကောင်းကင် ကြီး က အရမ်းကို မှောင်နေ ပြီးတော့ နျင်းချု ရဲ့ အငွေ့အသက်တွေ က လည်း မီးတောက်နီ နဂါးရဲ့ အရှိန်အဝါတွေနဲ့ လွှမ်းမိုး ထားလေတယ်။ ဒါကြောင့် အစောက ထွက်လာတဲ့ နွယ်ပင် အထူကြီးတွေ ကြောင့်သာ မဟုတ်ရင် သူတို့ အထက် က နဂါးမှာ နောက်ထပ် ကူညီပေးသူ ရှိတယ် ဆိုတာ ကို သူတို့ သိတောင် သိမှာ မဟုတ်ပေ။

နဂါးတွေက ဘယ်မျိုးနွယ်စု ကိုမှ မကြိုက်တဲ့ အတွက်ကြောင့် ချက်ကျောင်း က လူတွေဟာ သူတို့ကို ကူညီသူက လူသား တစ်ယောက် လို့ မထင်သလို အလုပ်အတူတူ လုပ်မယ့် မှော်သားရဲ တွေ လို့လဲ မထင်ခဲ့ပေ။ ချက်ကျောင်း က လူတွေ က အဲ့တာကို နဂါး တစ်ကောင်လို့သာ မှတ်ယူ ထားခြင်း ဖြစ်လေတယ်။

မီးနဂါး က အောက်ကို ထိုးဆင်း လာပြီးတော့ နောက်တစ်ဖန် တိုက်ခိုက် ပြန်တယ်။ ပြီးတော့ ဒီတစ်ကြိမ်မှာ သူတို့က ပြင်ဆင် ပြီးသား ဖြစ်လေတယ်။ သူတို့က နွယ်ပင်တွေ ကို ဖြတ်တောက် ပြီးတော့ မှော်ဒိုင်းကို ပြန်လည် ဖွဲ့စည်း ပြီးခဲ့ ပေမယ့် အဲ့လို မျိုးသာ မကြာခဏ ဖြစ်နေ ပါက သူတို့က လုံးဝ ကို တောင့်ခံ နိုင်မှာ မဟုတ်တော့ပေ။

'' အချပ်ပြား က မလှုပ်ရှားဘူး။ ဒါက နဂါးပေါက်စ လေး တစ်ကောင်ပဲ ဖြစ်ရမယ် ''

သင်းအုပ် စရာ ရဲ့ မျက်လုံးတွေက အောက်ကို နိမ့်ကျ သွားပြီးတော့ အကြံအစည် တွေနဲ့ ပြည့်နေ ခဲ့တယ်လေ။

ရွက်စိမ်း မှော်နဂါးမျိုး ရဲ့ ဒုတိယ နဂါးပေါက်စ တစ်ကောင်!

တကယ်လို့ သူတို့သာ အဲ့တာကို အရှင်လက်လက် ဖမ်းနိုင်ခဲ့ရင်........ ။

( အေး နင်တို့တော့ နဂါးတွေဝိုင်း ယိုးတာ ခံရပြီပဲ😀)

သူက သူ့ရဲ့ မှော်တုတ်တံကို မြှင့်လိုက်ကာ တိုက်ခိုက်ဖို့ အားအင် ထည့်ကာ သူ့ရဲ့ နောက်လိုက် ငယ်သား တွေကို ပြောလိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now