အပိုင်း (81)

461 86 0
                                    

(81) အနှစ်သက်ဆုံး လူ (၃)

အောင်းဝ် ဝူ လေး က အိပ်ယာကနေ လန့်နိုးလာပြီးတော့ မျက်လုံးလေး ကို ဖွင့်ကာ ဘေးပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်လိုက်တော့ ဒီနေ့ မှာ နျင်းချု က အတော်လေး စောပြီးတော့ ပြန်လာတာ ကို တွေ့လိုက် ရလေတယ်။

အောင်းဝ်စန်းရော နဂါးနက်လေး ကပါ ပြိုင်တူ ကြည့်လိုက် မိပြီးတော့ တစ်ချိန် ထည်းမှာပဲ မိုးခြိမ်းတဲ့ နေရာကို လှမ်းကြည့် လိုက်လေတယ်။

နျင်းချု က လည်း အနည်းငယ်တော့ အံ့အား သင့်သွားလေတယ်။ ဒီနေ့တော့ အပြင်မှာ အချိန် တိုလေး ပဲ နေပြီး အိပ်ဆောင်ကို ပြန်လာ ခဲ့တာ ပဲ ဖြစ်လေတယ်။ ပြီးတော့ အစောကလည်း အပြင်ဘက်မှာ မိုးရွာမယ့် ပုံ တစ်စက်ကလေး မရှိခဲ့ ပါဘူး။

သူက အနောက်ဘက် အရပ်မှာ မိုးကြီး ရွာခဲ့တယ် ဆိုတာ ကို သတိ ရသွားတော့ ချက်ချင်းပဲ ထကာ ဝရံတာ ဆီကို သွားလိုက် လေတယ်။

ကောင်းကင် ကြီးမှာ အဝေး တစ်နေရာ ကနေ တက်လာတဲ့ မိုးသား တိမ်မဲ တွေကြောင့် မကြာခင်မှာပဲ မဲမှောင် သွားလေတယ်။ ပြီးတော့ နျင်းချု ပြန်ရောက်တဲ့ အချိန် တုံးကနဲ့ လုံးဝ ကို ကွာခြား သွားတော့ လေတယ်။

အောင်းဝ်စစ် လေးရဲ့ မွေးရာပါ စွမ်းအင် က မိုးကြိုး ဖြစ်ပြီးတော့ အတော်လေးကို ရှားပါးတဲ့ စွမ်းရည် ဖြစ်ကာ ငယ်စဥ် အချိန် ကတည်း က အောင်းဝ်စစ်လေး ဟာ ဧရိယာ အသေးလေး တစ်ခု ကို မိုးရွာကျ အောင် လုပ်နိုင် ခဲ့လေတယ်။

တကယ်လို့ ဂိမ်းထဲ က ရာသီ ဥတု ကြီးက အရမ်းကို ကောင်းလွန်း နေပြီးတော့ အရမ်းကို နေတွေ တောက်ပ နေတဲ့ အခါ ဆိုရင် နျင်းချု က အောင်းဝ်စစ်လေး ကို ကူညီ ခိုင်းလေတယ်။

အခု မိုးကလည်း အောင်းဝ်စစ် လုပ်လိုက် လို့ ဖြစ်လာတာ များလား?

မိုးစက်တွေ က အလျင် အမြန် ပဲ ကျဆင်းလာ တဲ့ အခါ နျင်းချု က သူ့ရဲ့ လက်ကို ပြတင်းပေါက် အပြင်ကို ထုတ်လိုက်ပြီးတော့ ပြတင်းပေါက် ကနေ အောက်ကို ငုံ့ကြည့်လိုက် လေတယ်။

ပြီးတော့ ငွေခဲရောင် ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကျောင်းသား တွေခမျာ အိပ်ဆောင် အောက်ထဲကို အလျင်အမြန် ပြေးဝင် လာကြတာ ကို တွေ့လိုက် ရလေတယ်။ ပြီးတော့ ငွေရောင် ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ချို့ က တော့ အိပ်ဆောင် အောက် ကနေ အမြန်ပဲ ပြေးထွက် သွားတာ ​ကို တွေ့လိုက်ရတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now