အပိုင်း (66)

978 156 2
                                    

(66) နဂါး အသိုက် ၂

နျင်းချု ကို ကြည့်ရတာ အရမ်း ပွင့်လင်း နေပြီးတော့ ဘာမှ သံသယ ဖြစ်စရာ ကောင်းတာ မျိုး မတွေ့ ရတာကြောင့် ပေါ်ဝမ် ရဲ့ သံသယ တွေက ပြိုကွဲ သွားလေတယ်။

နျင်းချု က သူ့ရှေ့မှာ ရပ်နေကာ ရေချိုး တာဝါ နဲ့ သူ့မျက်နှာ ကို သုတ်နေ လေတယ်။

အဲ့လူ က နျင်းချု အဖြစ် ဘာမှ မဟုတ်ပဲနဲ့ ဘာလို့များ ဟန်ဆောင် နေရမှာ တဲ့လဲ?

'' ငါက မင်းကို စိုးရိမ် နေလို့ ပါကွာ ''

ပေါ်ဝမ် က နျင်းချု နောက်ကို လိုက်လာ ပြီးတော့ အခန်းထဲကို ပြန်ဝင် လာခဲ့တယ်။

'' မင်း ကအတန်း မတက်ဘူး လေ။ ဆိုတော့ မင်း ဘွဲ့ရဖို့ အတွက် ခရက်ဒစ် အမှတ် တွေက ဘယ်ကနေ ရမှာ တဲ့လဲ? ကျလို့ ပြန်တက် ရတဲ့ ကျောင်းသား တွေ အတွက် အစားအစာ ပေးသလား ဆိုတာ ကိုတော့ ငါလည်း မသိတော့ ဘူးရယ် ''

နျင်းချု က အိပ်ယာ ဘေးမှာ ရပ်နေ ပြီးတော့ လိုက်ကာ ကို စီမံနေလေတယ်။

''ငါ ကလော့ခ် ကို ပြောပြီး သွားပြီ။ သူမ က ငါ့ ပျက်ကွက်မှု အတွက် ခွင့်ပေးထားတယ် လေ...... နောက်ပိုင်း ကျရင် ခရက်ဒစ် အမှတ်တွေ ရဖို့အတွက် အခွင့်အရေး တစ်ခု ကို ငါ ရှာလိုက်ပါ့မယ် ''

တိတိ ကျကျ ပြောရရင် သူက အခု အလုပ်လုပ် နေတာ ဖြစ်ပေမယ့် သူက အဲ့တာကို မပြောပြ ခဲ့ပေ။ ပေါ်ဝမ် ကလည်း အဓိပ္ပါယ် ရှိတာကြောင့် သူက စကား ဆက် မပြောတော့ပေ။

ကလော့ခ် က ခွင့်ပေး ထားတယ် ဆိုကတည်း က နျင်းချုကို တိုက်တွန်းဖို့ တုံ့ဆိုင်း နေမိပြီးတော့ အဲ့အကြောင်း ကိုလည်း ဆက်ပြောဖို့ ရာ အတွက် မသင့်တော် ပါတော့ပေ။ ဒါပေမယ့် ပေါ်ဝမ် ရဲ့ အတွေးထဲ မှာတော့ နျင်းချု က ခက်ခဲတဲ့ တစ်စုံ တစ်ရာ ဖြစ်နေတယ် ပေါ့လေ။ ဒါကြောင့် ပေါ်ဝမ် က သူ့ရဲ့ ပုခုံးပေါ် ကို ပုတ်ပေးကာ သူ့ရဲ့ အိပ်ယာဆီ ကိုသာ ပြန်ပြီးတော့ သွားလိုက် လေတယ်။

နျင်းချု ကတော့ ပေါ်ဝမ် တစ်ယောက် အိပ်ယာထဲ ဝင်လှဲ ပြီးတော့ လိုက်ကာ ပိတ်သွားတာ ကို စောင့်ပြီး တော့မှသာ သူလည်း အိပ်ယာထဲကို ဝင်လိုက် လေတယ်။ နဂါးငယ်လေး သုံးကောင် က အတန်းလိုက် လေး ခေါင်းအုံး ပေါ်မှာ ထိုင်နေ ကြ​လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now