အပိုင်း (92)

395 89 0
                                    

(92) ဒီအိပ်ယာက ကျဥ်းလွန်းတယ် ၃

အဲ့တာ က သေချာ သွားပါပြီ။ ​မြေပြင်ပေါ် က ပျံ့ကျဲ နေတဲ့ အလောင်းတွေနဲ့ နဂါးတွေ ချန်ခဲ့တဲ့ အမှတ်အသား တွေက ဆရာတွေကို အရမ်းပဲ ထိတ်လန့် သွားစေ ပြီးတော့ ညလယ်ကြီးမှာ ချက်ချင်း ပဲ အကာအကွယ် မှော်ဒိုင်းကို ဖွင့်ကာ ကျောင်းသား တွေကို ကာကွယ် ပေးလိုက်တာ ပဲ ဖြစ်လေတယ်။

သူ့နောက်မှာ နဂါးလေးတွေ အများကြီး ကို ဖုံးကွယ်ထားတဲ့ နျင်းချု တစ်ယောက် ကတော့ ခံစားချက် တွေ ရောထွေး နေကာ အနည်းငယ် ကူကယ်ရာ မဲ့တယ် လို့လဲ ခံစား ရလေတယ်။

တကယ်လို့ သူသာ မှော်နဂါး တွေက အကယ်ဒမီ ကို မတိုက်ပါဘူး လို့ အခုချိန်မှာ သွားပြောရင် ဘယ်သူ ကများ သူ့ကို ယုံပါလိမ့်မလဲ?

'' အိုး ဟုတ်သား ပဲ ''

ပေါ်ဝမ် က အိပ်ယာပေါ် လှဲ ကာ တစ်ရေး မအိပ်ခင် တစ်စုံတစ်ခု ကို သတိရသွား ပြီးတော့ ပြောလိုက် လေတယ်။

'' ဒီနေရာကိုလေ ချက်ကျောင်း ရဲ့ အဆင့်မြင့် အကြီးအကဲ က လာပြီးတော့ ဝူးယူး နဲ့ ပြိုင်ကွင်း ဆီက ' နျင်း ' တို့ အကြောင်း ကိုလည်း လာမေး ခဲ့သေးတယ် တဲ့ကွ ။ တကယ်လို့ သူတို့ နှစ်ယောက် ဘယ်နေရာမှာ ရှိတာ လည်း ဆိုတာကို ကျောင်းသား တွေထဲ က တစ်ယောက် ယောက်များ သိခဲ့ရင် ဆရာတွေ ဆီနဲ့ ချက်ကျောင်း က လူတွေဆီကို အမြန်ပဲ သတင်းပို့ ပေးပါတဲ့လေ ''

နျင်းချု က မျက်မှောင် အသာလေး ပဲ ကြုတ်ပြီးတော့ မေးလိုက်တယ်။

''သူတို့ က ဘာဖြစ်လို့ တွေ့ချင် နေရတာလဲ မသိဘူးနော်။ ဘာမေး မလို့လဲ မသိဘူး ''

'' အဲ့တာ တော့ ငါလည်း မသိဘူး ပေါ့ကွ ''

မြေပုံပေါ်မှာ နူဘ မြစ် အနား အသစ်မှတ်ထားတဲ့ အမှတ်အသား ကို ပြန်သတိ ရသွားတဲ့ အခါ မှာတော့ နျင်းချု ဝေဝေဝါးဝါး ခန့်မှန်း မိတာ က သူနဲ့ ဝူးယူး ကို ရှာချင််တယ် ဆိုတာ က အောင်းဝ်စန်း ကိစ္စ နဲ့ ဆက်နွယ် နေလိမ့်မယ်လို့ သူတွေး မိလေတယ်။

ထိုအုပ်စု က တကယ်ကို ပဲ ဘာမှကို အဆုံးရှုံး မခံ ပဲနဲ့ မှော်နဂါး တွေရဲ့ ခြေရာကို လိုက်ကောက် နေကြတယ်ပေါ့လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Onde histórias criam vida. Descubra agora