အပိုင်း (102)

414 92 0
                                    

(102) အလုပ်သမား အင်အား ၁

ထို လူအသေးလေး တွေက ကလေး အုပ်စု တွေလို မျိုးပဲ ဖြစ်နေတယ်။ သူတို့ထဲက အရှည်ဆုံး လူကတောင်မှ 1.5 မီတာ ( ၃ပေ ခွဲ)  လောက် သာ ရှိလေတယ်။

ပြီးတော့ သူတို့တွေက ဖုန်တွေ ပေပွ နေကာ ညစ်ပတ် နေတဲ့ အလုပ်သမား ဝတ်စုံ တွေကို ဝတ်ထားပြီးတော့ လက်အနားစ တွေကို အပေါ်လိပ်တင် ထားပြီးတော့ ဆိုင်ကယ် ဦးထုတ်စတိုင် ကိုစောင်းထား ပြီးတော့ ချည်ထည် လက်အိတ် တွေကို ဝတ်ထား  ကြလေတယ်။

သူတို့က ပုပေမယ့် သူတို့ရဲ့ ကိုယ်တွေ က တောင့်တင်းကာ မျက်နှာ ကလည်း အရွယ်ရောက်သူ ပုံစံ ဖြစ်နေ ကြပြီးတော့ လက်ထဲမှာလည်း တူ တွေ ၊ ဂေါ်ပြား တွေနဲ့ တစ်​ခြား ကိရိယာ တွေကို ကိုင်ဆောင် ထားကြလေတယ်။

'' အရှင် နဂါးနတ်ဘုရား က ဒီကို လာတယ်ဟေ့! ''

'' အရှင် နဂါး နတ်ဘုရား ငါတို့ အလုပ်တွေ ကို သေချာ စောင့်ကြပ် ပေးဖို့ လာတာ လား? ''

'' မြန်မြန် လေး လုပ်ကြ ပြီးတော့ တစ်ယောက် ယောက်ကို အစားအစာ ပြင်ဆင် ခိုင်းလိုက်!  ''

ထိုလူ တွေက သူတို့ လုပ်လက်စ တွေ အကုန်လုံးကို ချထား ခဲ့ ပြီးတော့ နဂါးကြီးရှေ့ကို လာနေစဥ် အတွင်း တစ်ယောက် ကို တစ်ယောက် စကားပြော နေကြလေတယ်။

နျင်းချု က အတော်လေး ကို တုန်လှုပ်သွား လေတယ်။

ဒီလူတွေ က ........ လူပုလေး တွေလား ?

ဘာလို့ အောင်းဝ်အာ့ က သူတို့ရဲ့ နဂါး နတ်ဘုရား ဖြစ်သွား ရတာ တဲ့လဲ?

သူတို့ ပြောနေတာ က ဘာအကြောင်း တွေ တဲ့လဲ?

နျင်းချု က သဘာဝ အတိုင်း ဖြစ်နေ သလို တူးထားတဲ့ မိုင်းတွင်း အကြီးကြီး ထဲမှာ သာမန်နဂါး အုပ်စုတွေ အများကြီး ကိုလည်း မြင်လိုက် ရလေတယ်။

နျင်းချု က သူ့ခြေထောက် မှာ ချည်ထားတဲ့ လည်ဆံမွှေးကို ဖြည် လိုက်ကာ မြေပြင်ပေါ်ကို ခုန်ချ လိုက်လေတယ်။  ပြီးတော့ ထိုလူပု အုပ်စု က နဂါးရဲ့ နောက်ကျောက ဆင်းလာတဲ့ လူသား ဆိုတာ ကို သဘောပေါက် လေတယ်။

သူတို့က ချက်ချင်း ပဲ စိုးရိမ် သွားကြ ပြီးတော့ အနောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်ကာ နျင်းချုကို ကြည့်လိုက် ကြလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Dove le storie prendono vita. Scoprilo ora