အပိုင်း (98)

652 128 0
                                    

(98) သားပေါက် လေးများ ၃

နောက်တစ်နေ့ မှာတော့ နဂါးတစ်ကောင် က ချက်ကျောင်း အုပ်စုကို တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ သတင်း တွေ က နယ်ပယ် တစ်ခွင်မှာ ပျံ့နှံ့သွား လေတယ်။

ဘယ်သူ ကမှ ထိုနဂါး တစ်ကောင် က ဘယ်လို ပုံစံ ရှိလည်း ဆိုတာ ကိုလည်း မသိတဲ့ အပြင် ဘယ်နေရာ ကနေ ပေါ်လာတာ လဲ ဆိုတာ ကို မသိ ကြလေဘူး။ ပြီးတော့ ချက်ကျောင်းရဲ့ အဓိက နေရာမှာ ရှိတဲ့ လူလောက် နီးပါး စွမ်းအား ကြီးပြီးတော့ ထို ချက်ကျောင်း ထဲမှာ ရှိတဲ့ လူတွေ အများကြီး ကို သတ်ဖြတ် ပြီးတော့ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရအောင် လုပ်ခဲ့ တယ်လေ။ နောက်တော့ အဲ့နဂါး က ခြေရာ လက်ရာ မကျန်ပဲ ပျောက်သွား ခဲ့လေတယ်။

မှော်နဂါးကို ရှာမတွေ့တဲ့ အတွက်ကြောင့် အကယ်ဒမီ မှာ ကျန်နေခဲ့တဲ့ ဝှစ်တုံ က သူ့ရဲ့ လက်အောက် ငယ်သား တွေကို ခေါ်ပြီးတော့ သူတို့ အခြေစိုက် နေရာဆီကို အမြန်ပဲ သွားကြ တော့လေတယ်။

အကယ်ဒမီ ထဲမှာတော့ ဝူးယူး က သူတို့ရဲ့ လုပ်ဆောင်မှု တွေကို သစ်ပင် တစ်ပင်နောက် ကနေ လိုက်ကြည့် နေပြီးတော့ ထရပ်ကာ သူတို့ နောက် ကနေ လိုက်သွား လိုက် လေတယ်။

...................

လေအရှိန် နဲ့ အမြန်ပျံ နေတဲ့ နဂါး က နျင်းချု မှ သူ့ဆီကို ခေါ်တဲ့ အသံကို ကြားလိုက် ရတော့ သူ့ခမျာ အတန်ငယ် တွန့်ဆုတ် သွားလေတယ်။ နျင်းချု က အရှေ့ကို တိုးဖို့ ရုန်းကန် ခဲ့ရပြီးတော့ ကိုယ်နေ ဟန်ထား တည်ငြိမ် စေဖို့ရာ အတွက်  နဂါး ကိုယ်ပေါ် က အမွှေး တွေကို စုပြီး ဆုပ်ကိုင် ထား ရလေတယ်။

သူက သူ့လက်ထဲ က နဂါးပေါက်လေး နှစ်ကောင် ကို ကာကွယ်ပေး ဖို့လည်း လိုအပ် နေပြီးတော့ အောင်းဝ်စစ် က ထွက်ဖို့ ကြိုးစား ခဲ့ ပေမယ့် နျင်းချု က သူ့ကို အဝတ်ထဲ အတင်း ပြန်ဖိ ထား လေတယ်။

အောင်းဝ်အာ့ ရဲ့ ရည်ရွယ်ချက် က ဘာပဲ ဖြစ်နေ ပါစေ လမ်းတစ်ဝက် မှာတော့ အောင်းဝ်စစ် နဲ့ ရန်ဖြစ်နေတာ မျိုးကိုတော့ သူ မလိုချင် ပါပေ။ လျှိုမြောင် တစ်ခုကို ရောက်တဲ့ အချိန်မှ ရပ်လိုက်တာ ကြောင့် အောင်းဝ်အာ့ က ဘယ်အချိန်ထိ ဘယ်လို နှုန်း နဲ့ ပျံသန်း လာမှန်း သူမသိတော့ ပါပေ။ သူက သူ့ကိုယ် ကို အသာ ခါလိုက်ကာ နျင်းချု ကို နူးညံ့တဲ့ မြက် တွေပေါ် ပစ်တင် လိုက်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now