အပိုင်း (57)

1.2K 236 5
                                    

(57) အနည်းငယ်မပျော်ရွှင်မှု 2

နျင်းချုနဲ့ ဘယ်လေ တို့က အချင်းချင်း အတူတကွ အချိန် ခဏလေး သာ ကုန်ဆုံးခဲ့တာပါ။ ပြီးတော့ ဒီလိုစကားမျိုး ဘယ်လေ ဆီက ကြားတာက သူ့အတွက်တော့ ပထမဆုံးပဲ ဖြစ်လေတယ်။

သူ့စိတ်ထဲမှာ ခန့်မှန်းချက် တစ်ခု ရှိပေမယ့် ဒီနေရာမှာ လူတွေ အများကြီး ရှိတဲ့ အတွက်ကြောင့် သူက ရှည်ရှည်ဝေးဝေး ဆက်မပြောတော့ပါပေ။

နေ့လည်လောက်ရောက်တော့ နျင်းချု ရဲ့ လူအုပ်ကြားထဲမှာ အပေါ်ထပ်ကို ဝတ်လိုက်လေတယ်။ အောင်းဝ်စန်း က သူ့ရဲ့ အပေါ်ဝတ် ရဲ့ အောက်ထဲမှာ ဝင်ပုန်းလို့ ရပြီ ပဲ ဖြစ်လေတယ်။ အဲ့လိုမှ မဟုတ်ရင် တစ်နေ့ကုန် အပေါ်ထပ် ကြီးကို ကိုင်ထားတာ က ထူးဆန်းမှု ကြီးတစ်ခု ဖြစ်နေမှာ ပဲ ဖြစ်တယ်။

နျင်းချု က သူ့ရဲ့ အပေါ်ဝတ်ကို ပြင်ဆင်ပြီးတော့ ရုတ်တရက် ပဲ ဝူးယူး ရဲ့ ဝတ်ဆင်ပုံက အတော့်ကိုတူနေတယ် ဆိုတာကို တွေ့မိသွား​လေတယ်။

ဝူးယူး ကလည်း တူညီတဲ့ အပေါ်ဝတ်ကိုပဲ ဝတ်ထားကာ အဝတ်အစားတွေ တော့ အများကြီး ရှိမနေပါပေ။ နျင်းချုက သူ့ကို ဒုတိယ အကြိမ် တစ်ချက် ထပ်ကြည့်လိုက်ပြီးတော့ အဲ့အကြောင်းကို ဘာကိုမှ မတွေးတော့ပေ။

မကြာခင်မှာပဲ တစ်​နေကုန် သွားပြီးတော့ မှောင်လာတာ​ကြောင့် သူတို့ အုပ်စု  ပြန်လာကြလေတယ်။ ဘယ်လေ က နျင်းချု အရင်က တွေ့ခဲ့ဘူး သလို ရှိနေဆဲ ပါပဲ။ သူက ကျောင်းသားလေး တွေကို ကျောင်းဂိတ်ထိ အရောက် ပို့ပေး မှာပဲ ဖြစ် လေတယ်။

သူ့လက်အောက် ငယ်သား ထဲက တစ်ယောက် က စားချုပ်သားရဲ အနေနဲ့ သံမဏိအစွယ် ဆင်ကို ပိုင်ထားတာ ဖြစ်လို့ အဲ့နောက်မှာ လူ ၃ ယောက် ထိုင်လို့ ရလေတယ်။

ဝူးယူး က နဂါးပု ရှိတဲ့ ရှိတဲ့ အတွက်ကြောင့် နျင်းချု က တစ်ခြားကျောင်းသား နှစ်ယောက်နဲ့ အတူ ဆင်ပေါ်မှာ စီးပြီးတော့ ပြန်ရင် အကယ်ဒမီ ကို သူတို့ ၄ ယောက် လုံး အမြန်ပြန်ရောက် နိုင်မှာပဲ ဖြစ်လေတယ်။

ဝူးယူး က ဆင်ပေါ်တက်သွားတဲ့ နျင်းချုကို ကြည့်ကာ သူ့ဘေးနား က နဂါးပုကို တစ်ချက်ကြည့်လိုက်ပြန်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူက နျင်းချုကို မတားခဲ့ပေ။ သူ့ဘာသာ သူ တစ်ယောက် ထဲ သာ နဂါးပု ပေါ်ကို တက်သွားလေတော့တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now