အပိုင်း (65)

1K 158 0
                                    

(65) နဂါးအသိုက် ၁

ဟမ်?

ဘာလို့ ရုတ်တရက်ကြီး လည်း.......

နျင်းချု က အခြေအနေ ပြ ဇယား ကို ဖွင့််လိုက်တဲ့ အချိန်မှာတော့ အောင်းဝ် ပေါင်ပေါင်း ရဲ့ အခြေအနေ က အသေးစိတ်  ပြောင်းလဲ နေတာကို တွေ့လိုက် ရလေတယ်။

အဆင့်အတန်း: ဒဏ္ဏာရီ အဆင့်

အခြေအနေ: ကောင်း

ခံစားချက်:  မသိ

အသက်: စနစ် တွက်ချက် တည်ရှိမှု ထက် ကျော်လွန်

မျိုးစိတ်: နက်ရှိုင်း မဟူရာ အသူရာ နဂါး

စွမ်းရည်:  အမှောင်ခြယ်လှယ်သူ မှော်စွမ်းအင်( အမှောင်သီးသန့်)

နျင်းချု က နောက်ဆုံး ကော်လံ ကို တွေ့သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ ခြေလှမ်း တွေက လည်း ရပ်တန့် သွားလေတယ်။

ဘယ်လိုတောင် တိုက်ဆိုင် နေရတာလဲ?

အမှောင် သီးသန့် စွမ်းရည် ဆိုတာ ဘယ်မျိုး နွယ်စုမှာ မဆို အရမ်းကို ရှားပါးတယ်။

ပြီးတော့ သူက ဒီနေ့ပဲ ဝူးယူး ရဲ့ မှော်စွမ်းအင် က ဘာဆိုတာ ​ကို တွေ့ခဲ့ ရတာ ဖြစ်ကာ အောင်းပေါင်ပေါင်း လေးရဲ့ အခြေအနေ ကလည်း ပြောင်းလဲ သွားခဲ့တယ် လေ...........။

အမှန်တော့ အောင်းဝ်ပေါင်ပေါင်း က သူနဲ့ အတူ ရှိနေတာ ဖြစ်ပြီးတော့ ဒေတာ ကဒ်ရဲ့ အောက်ဆုံးမှာ ရှိနေတာ ဖြစ်တဲ့ အတွက်ကြောင့် အရင် က သူဟာ သိပ်ပြီးတော့ အာရုံ မစိုက်မိ ခဲ့ ပါချေ။ ပြီးတော့ ဘယ်အချိန်မှာ ဒေတာ အခြေအနေ က အသစ် ပြောင်းလဲ သွားလဲ ဆိုတာကို သူလည်း သေချာ မသိခဲ့ ပါပေ။

ဝူးယူး.......  ပြီးတော့ အောင်းဝ် ပေါင်ပေါင်း..... ။

နျင်းချုက သူ့ခေါင်းထဲမှာ ရုတ်တရက်ကြီး ပေါ်လာပြီးတော့ များပြားလာတဲ့ သံသယ ခန့်မှန်း ချက် တစ်ချို့ကို ပယ်ချလိုက် ကာ ဂိမ်းကို ပိတ်ချ ပြီးတော့  အကယ်ဒမီ ကိုသာ အမြန်ဆုံး ပြန်ဖို့ လုပ်လိုက် လေတယ်။

ဒါပေမယ့် စိတ်ထဲ မှာ သံသယ တစ်ခါ ဝင်လာတာ နဲ့ ချက်ချင်း ပဲ အဲ့တာ ကို သူ မထိန်းချုပ် နိုင်တော့ ပါပေ။ စွမ်းရည် များတင် တူနေတာ မဟုတ်ပဲနဲ့ ဝူးယူး နဲ့ အောင်းဝ် ပေါင်ပေါင်း တို့ရဲ့ စရိုက် လက္ခဏာ တို့ကလည်း အတော်လေး ကို ဆင်တူ နေခဲ့လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now