Chapter 1147 [Unicode]

1.9K 217 4
                                    

Chapter 1147: စောင့်ဆိုင်း... အချိန်ကြာကြာစောင့်ဆိုင်းနေ~

ကျူ့ယန့်ချုံးအကြောင်းကို သူမ အများကြီးမသိသေးဟု ဖန်းဖေးဖေး ခံစားလိုက်ရသည်။ ကျူ့ယန့်ချုံးက သည်လိုကိစ္စကြီးကို သူမဆီမှ တကယ်ကြီး ဖုံးကွယ်ထားခဲ့သည်။ အနှီမိန်းမမှာ ရူးနေသည်ဟု သူ့ပြောစကားကြောင့်နှင့်တော့ သူမ အရူးလုပ်ခံရစရာ အကြောင်းမရှိချေ။

ထိုမိန်းမမှာ လုံးဝ မရူးပေ။

ကျူ့ယန့်ချုံးတွင် ဇနီးမယားရှိနှင့်ပြီးဖြစ်ကာ ကလေးတစ်ယောက်ပါ ရှိနေသေးသည်။

ဖန်းဖေးဖေး ဒေါသနှင့် ဝမ်းနည်းမှုတို့ကို ချိုးနှိမ်ကာ သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားနေရသည်။ သူမ ကျူ့ယန့်ချုံးကို ကြည့်ကာ ပြောလိုက်တော့သည်။

"ကျွန်မမှာ အမှန်တရားကို သိခွင့်ရှိတယ်၊ ကျူ့ယန့်ချုံး ရှင် ကျွန်မကို မပြောရင် ကျွန်မဘာသာ အမှန်တရားကို သွားရှာမယ်"

ကျူ့ယန့်ချုံး ဦးနှောက်ခြောက်လွန်း၍ ခေါင်းကုတ်မိတော့သည်။ သူ့အမူအရာမှာ နာကျင်ပြီး ကူရာမဲ့နေဟန်ပင်။ သူ ဖန်းဖေးဖေးမှီအောင်အမြန်လိုက်ပြီး သူမလက်ကို ဆွဲလိုက်သည်။ ဖန်းဖေးဖေး သူ့လက်ကို လွှတ်ချကာ ​ေအးစက်စက် ပြောလာသည်။

"ကျူ့ယန့်ချုံး၊ ကျွန်မဒေါသကို ရှင်သိပါတယ်၊ ကျွန်မကို အမှန်အတိုင်း ​ပြောမလား၊ ပြတ်မလား"

ကျူ့ယန့်ချုံး အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလာ၏။ "တောင်းပန်ပါတယ်၊ ကိုယ် မင်းကို လိမ်ခဲ့မိတယ်"

"ရှင်..." ဖန်းဖေးဖေး၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်ပြီး လှည့်ထွက်သွားတော့သည်။ ကျူ့ယန့်ချုံးက သူမလမ်းကို ပိတ်ရပ်ထားလိုက်လေသည်။

"မင်း ကိုယ့်ကို ခွင့်မလွှတ်နိုင်မှန်း ကိုယ်သိပါတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ်​ေပြာတာ ဆုံးအောင်နားထောင်ပါဦး"

"ကျူ့စုနျန်နဲ့ ကိုယ်နဲ့ လက်ထပ်တာက ကိုယ်မသိတတ်တဲ့အရွယ်တုန်းက ဖြစ်ခဲ့တာ၊ ကိုယ့်အသက်လေးနှစ်တုန်းက ကိုယ် သေလုမျောပါးဖြစ်တဲ့အထိ နေမကောင်းဖြစ်ခဲ့တယ်၊ ကိုယ့်မိဘတွေကလည်း ကလေးသတို့သမီးရှိရင် နေပြန်ကောင်းမယ်လို့ အယူသီးခဲ့ကြတယ်၊ အဲ့ဒီအချိန်မှာ ကျူ့စုနျန်ကို ကိုယ့်မိသားစုဆီ ရောင်းလိုက်ကြရော၊ သူ့ကို ကိုယ့်ဇနီးဆိုပြီး ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး၊ အများဆုံးမှ အစေအပါးလို့ပဲ တွေးခဲ့တာ"

Realm 18: ကလေးသတို့သမီးDonde viven las historias. Descúbrelo ahora