Chapter 1114 [Zawgyi]

2.1K 111 0
                                    

Chapter 1114: မခန့်မှန်းနိုင်သော ရာသီဥတု

ပြန်ကြည့်ရင် သူတို့က ကောင်းတဲ့ကံကြမ္မာကိုယူလာပြီး ကျူ့ယန့်ချုံး၏ နာမကျန်းမှုကိုတစ်စုံတစ်ယောက်ထံ မကောင်းတဲ့ကံအဖြစ် လွှဲပြောင်းလိုကြလေသည်။ အဲ့တာကြောင့်ပဲ ကလေးသတို့သမီး ထားဖို့ အကြံရလာတော့သည်။

သည်အချိန်က ချင်းခေတ်နှောင်းပိုင်းကာလဖြစ်ပြီး ၈နိုင်ငံမဟာမိတ်အဖွဲ့က နွေရာသီစံနန်းတော်ဟောင်းကို ဖျက်ဆီးပစ်ခဲ့ကြသည်။ စစ်ဘုရင်တွေက လည်း သဘောထားကွဲလွဲနေခဲ့ကြသည်။ ပတ်ဝန်းကျင်တွင် ဆူပူအုံကြွမှုတွေ ဖြစ်နေပြီး ပြည်သူပြည်သားတွေဟာလည်း အသက်ဆက်ရှင်နိုင်ဖို့ ရုန်းကန်နေရလေသည်။ တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော အချိန်ကာလပင်။

[ လက်ရှိ နဉ်ရှုရောက်နေတဲ့အချိန်ကာလလေးကို ​ရှင်းပြပါမယ်၊ ဒါကိုဖတ်မှ အပေါ်က စာပိုဒ်ကို နားလည်မှာပါ၊ ချင်းမင်းဆက်ရဲ့နောက်ဆုံးဘုရင် ဖူယီ စိုးစံနေစဉ်ကာလပါ၊ ဖူယီ စိုးစံနေစဉ်ကာလ ၁၉၀၀ပြည့်နှစ်မှာ လယ်သမားတွေ (လက်သီးသူပုန်တွေ) ဦးဆောင်ပြီး နိုင်ငံခြားသားတွေနဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူတွေကို သတ်ဖြတ်ခဲ့ကြတဲ့ ဆူပူအုံကြွမှုကြီး ဖြစ်ခဲ့တယ်၊ အုပ်ချုပ်သူတွေက အစက နှိမ်နင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ထောက်ခံလာပြီး ပြည်ပနိုင်ငံများကိုပါ စစ်ကြော်ညာဖို့ လုပ်လာတယ်၊ အနယ်နယ်အရပ်ရပ်က လက်သီးသူပုန်တွေကလည်း ပေကျင်းကို တက်လာတယ်၊ ဗြိတိန်၊ ဂျပန်၊ ရုရှား၊ ဂျာမနီ၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတေးလျ နိုင်ငံ ၈နိုင်ငံက သံတမန်တွေကလည်း အသတ်ခံရမှာစိုးလို့ သံတမန်ရိပ်သာမှာ ပုန်းနေရတယ်၊ အထက်မှာ ဖော်ပြခဲ့တဲ့ ၈နိုင်ငံကနေပြီး သူတို့သံတမန်နဲ့ မိသားစု၊ ကျန်အရပ်သားတွေကို ကယ်တင်ဖို့အကြောင်းပြပြီး နိုင်ငံ ၈နိုင်ငံက စစ်သားတွေနဲ့ ၈နိုင်ငံမဟာမိတ်အဖွဲ့ဖွဲ့စည်းပြီး ပေကျင်းကို စေလွှတ်ခဲ့တယ်၊ ၈နိုင်ငံမဟာမိတ်အဖွဲ့က နွေရာသီနန်းဆောင်ဟောင်းနဲ့ အတွင်းနန်းဆောင်၊ အခြားနန်းဆောင်များကို ဖျက်ဆီးခဲ့ကြတယ်၊ စစ်တပ်မဟာမိတ်အဖွဲ့ရောက်မလာခင်မှာပဲ မယ်တော်ကြီး စီရှီက သတ်မိန့်ပေးလိုက်လို့ သံတမန်တွေနဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ကြတယ်၊ နောက်ဆုံး ၈နိုင်ငံစစ်တပ်တွေကပဲ အနိုင်ရသွားပြီး တရုတ်က စစ်လျှော်ကြေးပေးကာ စစ်ပြေငြိမ်းဖို့ သဘောတူညီချက်ရခဲ့ကြတယ်၊ ၁၉၁၁မှာ ဆွန်ယက်ဆင်ခေါင်းဆောင်တဲ့ တရုတ်ပြည်သူ့အစိုးရတက်လာပြီး ၁၉၁၂ခုနှစ်မှာ ဆွန်ယက်ဆင်နဲ့ စစ်ဘုရင်ယွန်ရှီခိုင်တို့ ဆွေးနွေးပြီး ဖူယီကို နန်းချခဲ့ကြတယ်၊ ၁၉၁၇မှာတော့ ပေယန်စစ်ဘုရင် ကျန်းရွှမ်က ဆွန်ယက်ဆင်တို့နဲ့ ပြည်တွင်းစစ်ဖြစ်ပြီး ဖူယီကို နန်းပြန်တင်ခဲ့တယ်၊ ဒါကတော့ စစ်ဘုရင်တွေသဘောထားကွဲလွဲတာပါ ဖူယီကို နန်းပြန်တင်ပေးပေမယ့်လည်း ၁၂ရက်သာ နန်းတက်ခဲ့ရတယ်

Realm 18: ကလေးသတို့သမီးWhere stories live. Discover now