Chapter 1117 [Unicode]

2.1K 321 3
                                    

Chapter 1117: လူတိုင်းကို ကျွေးမွေးပြုစုရခြင်း

သူမ ထွက်မသွားခင်တုန်းက မနက်စာ မစားခဲ့ရသောကြောင့် နှမ်းကိတ်မုန့် ဝယ်စားခဲ့သည်။ သူမ စားပြီးသွားတော့ ထမ်းပိုးကို မကာ ဆက်သွားရပြန်သည်။

နဥ်ရှု ဒီနေ့လုပ်ခဲ့သော တို့ဟူး
နှင့်ပတ်သတ်၍ အရမ်းကြီးတော့ ယုံကြည်ချက်မရှိ။ ရောင်းမကုန်သေးသောတို့ဟူးအချို့ ကျန်နေသေးသည်။ ခဏလောက် စဥ်းစားပြီးတော့ ကျန်တာတွေကို ပြန်ယူသွား၍ ရေညှစ်ထုတ်ကာ ကျူ့စစ်ယွမ်အတွက် တို့ဟူးခြောက် လုပ်ကျွေးရန် ဆုံးဖြတ်လိုက်တော့သည်။တု့ိဟူးခြောက်က သွားကျန်းမာရေးအတွက် ကောင်းသည်။

အရင်ဆုံး နဥ်ရှု စာတိုက်ရုံးသို့သွားကာ ကျူ့ယန့်ချုံးဆီမှ စာ သို့မဟုတ် ကြေးနန်းစာ လာမလာ သွားကြည့်လေသည်။ စာတိုက်ရုံးက လူတွေတောင် ကျူ့စုနျန်ကို သိနေကြသည်။ထို့ကြောင့် ကျူ့စုနျန်လာသောအခါ သူတို့က တန်းပြောလာသည်။ "စုနျန် မင့်အတွက် ဒီနေ့ ကြေးနန်းစာတစ်စောင်ရှိတယ်ဟေ့"

နဥ်ရှု: →_→

သေချာပေါက်ကို ငွေထပ်တောင်းတာပဲ ဖြစ်ရမည်။ ကျူ့ယန့်ချုံးက သူ့ပိုက်ဆံ ပြန်ပေးရန် အတင်းတောင်းနေသည့် အကြွေးရှင်လိုပင်။ ဒီကောင်စုတ်ကတော့!

နဥ်ရှု ကြေးနန်းစာကို ယူလိုက်ကာ ကြေးနန်းကြေးပေးပြီးနောက် စာပါ အကြောင်းအရာများကို ဖတ်လိုက်သည်။ ကျူ့ယန့်ချုံး ပြောထားတာက ရာသီဥတုက အေးလာ၍ ရှန့်ဟိုင်၏ ရာသီဥတုမှာ စိုစွတ်ပြီး အေးလာသောကြောင့် အပေါ်ဝတ်တစ်ထည်လောက် ဝယ်ဖို့ လိုသည်ဟူ၏။

သူ ပိုက်ဆံလိုနေတာပဲ။

စာတိုက်ရုံးမှ ထွက်လာပြီးနောက် နဥ်ရှု ကျူ့ယန့်ချုံးပို့လိုက်သောကြေးနန်းစာကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲလိုက်၏။ နင်လိုကောင်က အေးခဲပြီး သေဖို့ပဲ ထိုက်တန်တယ်၊ ဒီမာမားရဲ့ သွေးချွေးနဲ့ရင်းပြီး ရှာထားရတဲ့ ပိုက်ဆံတွေကို တစ်ခြားမိန်းမတစ်ယောက်အတွက် မျက်နှာလိုမျက်နှာရလုပ်ဖို့ သုံးပြီး အခြားလူတွေရှေ့မှာ ချမ်းသာတဲ့ သခင်ငယ်လေးလို ဟန်ဆောင်ချင်တယ်ပေါ့၊ အိမ်မက်မက်နေလိုက်!

Realm 18: ကလေးသတို့သမီးWhere stories live. Discover now