Chapter 1115 [Unicode]

2.5K 322 0
                                    

Chapter 1115: အမျိုးသမီးသူရဲကောင်း

ကျူ့ယန့်ချုံး ခရီးဆောင် သားရေလက်ဆွဲသေတ္တာကို ကောက်ယူပြီး အမေကျူ့ သူ့ကို ပေးထားသော ပိုက်ဆံတို့ကို သိမ်းကာ ရှန့်ဟိုင်သို့ သွားသည့် ရေနွေးငွေ့သုံးသင်္ဘောပေါ်သို့ တက်သွားတော့သည်။

ကျူ့ယန့်ချုံး ထွက်သွားပြီး မကြာခင်မှာပင် ကျူ့စုနျန်တွင် ကိုယ်ဝန်ရှိလာသည်။သို့သော်လည်း လက်ရှိမိသားစုအခြေအနေက ဆိုးဝါးလွန်းသည့်အတွက် တို့ဟူးလုပ်ရန် သင်ရတော့သည်။ ကိုယ်ဝန်ရှိနေစဥ်မှာပင် တို့ဟူးပြုလုပ်ရန်အတွက် မနက်အစောကြီးထကာ ညဘက်တွင်လည်း အရမ်းနောက်ကျမှ အိပ်ရာဝင်ရသည်။

တို့ဟူးပြုလုပ်ခြင်းက အရမ်းကို ခက်ခဲသောအလုပ်ဖြစ်သည်။ ပဲတွေကို ရေစိမ်ရသည်။ ထို့နောက်ကြိတ်ဆုံသုံးကာ ပဲတွေကို ကြိတ်ရသည်။ အဲ့ဒီနောက်မှာတော့ ကြိတ်ထားသော ပဲတွေကို အဝတ်စဖြင့် ရေစစ်ချပြီး ရေစစ်ပြီးသားပဲများကို ခဲစေသောအမှုန့်ထည့်ချက်ကာ လိုချင်သောပုံသဏ္ဍာန်ရအောင် ဖိချရသည်။ ဒါတွေအားလုံး ကျူ့စုနျန်တစ်ယောက်တည်းကသာ လုပ်ရသည်။ နေ့တိုင်းနေ့တိုင်း သူမတွင် နားချိန်ဆိုတာ မရှိပေ။

တို့ဟူးပြုလုပ်ရန် နေမထွက်ခင်ကတည်းက အိပ်ရာထရပြီး မနက်ခင်းအစောကြီးမှာ တု့ိဟူးတွေကို ထမ်းပိုးက ခြင်းတောင်းနှစ်ခုထဲထည့်ကာ လမ်းပေါ်များတွင် လမ်းလျှောက်ကာ အော်ရောင်းရသေးသည်။ တို့ဟူးအားလုံးရောင်းကုန်တဲ့အခါ အိမ်ပြန်ပြီး ပဲတွေကို ကြိတ်ရသည်။ ကိုးလကြာပြီးနောက် ကျူ့စုနျန် သားလေးမွေးလေသည်။ အဆုံးမှာတော့ ကျူ့မိသားစုတွင် ဆက်ခံသူ ရှိလာသည်။

ကျူ့စုနျန်ခဗျာ အိမ်ကို စီမံနိုင်ရန် အလုပ်ကြိုးစားရရှာသည်။ ကျူ့ယန့်ချုံးကလည်း သူ့ပညာရေးစရိတ်အတွက် ကျူ့စုနျန် တို့ဟူးရောင်းရသောငွေပေါ်တွင်သာ မှီခိုနေရသည်။ ကျူ့စုနျန် သူ့ကို ပိုက်ဆံပို့ရန် ကျူ့ယန့်ချုံးက မကြာခဏ အိမ်ကို စာပို့ သို့မဟုတ် ကြေးနန်းရိုက်လေ့ရှိသည်။ အကြောင်းပြချက်ကတော့ အမြဲတမ်း စာအုပ်ဝယ်ရန် သို့မဟုတ် ဖောင်တိန်ဝယ်ရန်သာ ဖြစ်သည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now