Chapter 1136 [Zawgyi]

997 73 4
                                    

Chapter 1136: ကျူ့စစ်ယွမ်: ????

တကယ့်ကိုပဲ သူမ လုပ်နိုင်သမျှက သက်ပြင်းချရုံသာ။ စောစောကအခြေအနေမှာ ကျူ့စုနျန်၏ ခုခံမှုကြောင့် ဖြစ်လာရခြင်းပင်။ ကျူ့စုနျန်က နဉ်ရှု ကျူ့ယန့်ချုံးကို သတ်မှာကိုမလိုလားချေ။

ကျူ့စုနျန်က သူမယောက်ျားကို သတ်နိုင်သည့်သူမျိုးမဟုတ်။ ပြီးတော့ သူမက ထိုကဲ့သို့ပြစ်မှုမျိုး မကျူးလွန်ချင်။ ကျူ့စုနျန်သည် မြေရှင်ပဒေသရာဇ်စနစ်အောက်တွင် ကြီးပြင်းခဲ့သော ရှက်ကြောက်တတ်ပြီး နှိမ့်ချကျိုးနွံသော အမျိုးသမီးတစ်ဦးသာဖြစ်သည်။ သို့ဖြစ်၍ အစဉ်အလာနှင့် မကိုက်ညီသော လုပ်ရပ်မျိုးကို သူမ မကျူးလွန်ပေ။

သူမသည် ကျူ့မိသားစုထံသို့ ကလေးဘဝကတည်းက ရောင်းခံခဲ့ရ၍ ကျွန်စိတ်က အရိုးထဲထိ စွဲနေချေသည်။ ကျူ့စုနျန်မှာ ရိုးရိုးရှင်းရှင်းနှင့် နှိမ့်ချတတ်ပြီး ကြင်နာတတ်သောသူ ဖြစ်သည်။ သူမလက်တွင် သွေးမစွန်းချေ။ အထူးသဖြင့် သူမယောက်ျားဆိုလျှင် ပိုဆိုးသည်ပေါ့။

ဘာပဲဖြစ်ဖြစ် ကျူ့ယန့်ချုံးကား သူမယောက်ျားဖြစ်သည်။

နဉ်ရှုက ယဉ်ယဉ်ကျေးကျေးလေး ရယ်လိုက်၏။ သူမ ​ပျော်သလို လုပ်ပါစေ။ ကျူ့စုနျန်က ကျူ့ယန့်ချုံးကို မသေစေချင်မှတော့ သူမကလည်း သူ့ကို အသက်ရှင်ခွင့် ပေးရပေမည်။ သို့သော်လည်း ကျူ့ယန့်ချုံးအောင်မြင်ဖို့ရာတော့ ဘယ်နည်းနှင့်မှ မလွယ်ကူစေရ။

နဉ်ရှုက လူနာခန်းထဲကို တစ်ချက်ကြည့်လိုက်တော့ ဖန်းဖေးဖေးက ဝက်လိုယောင်ကိုင်းနေသော မျက်နှာနှင့် ကျူ့ယန့်ချုံးကို ပြုစုနေသည်ကို တွေ့လိုက်ရသည်။

နဉ်ရှုက သူနာပြုဝတ်စုံကို ချွတ်လိုက်ပြီးနောက် ကျူ့စစ်ယွမ်ကို ခေါ်ကာ အိမ်ပြန်တော့သည်။ ကျူ့စစ်ယွမ်က နဉ်ရှုကို မေးလိုက်သည်။

“မေမေ သားမှာ ဘာလို့ ဖေဖေမရှိတာလဲ”

ကျူ့စစ်ယွမ်မှာ နဉ်ရှုဆေးရုံသို့သွားတိုင်း နဉ်ရှုနှင့်အတူ လိုက်လာလေ့ရှိသည်။ ထို့ကြောင့် ဆေးရုံရှိ လူအများစုက ကျူ့စစ်ယွမ်ကို သိနေကြသည်။ အတင်းအဖျင်းပြောတတ်သော လူတစ်ချို့က ကျူ့စစ်ယွမ်ကို သူ့အဖေ ဘယ်သူလဲဟု မေးကြသည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now