Chapter 1140 [Unicode]

1.5K 282 6
                                    

Chapter 1140: ကူသိမ်းပေးရန် စောင့်နေခြင်း

ကျူ့ယန့်ချုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းချလုက်မိသည်။ ယခင်တုန်းက သူ သည်လို ခက်ခဲကျပ်တည်းသည့်အခြေအနေမျိုးထိ မရောက်ဖူးခဲ့ချေ။ ငွေရေးကြေးရေးက ဒုက္ခိတသူရဲကောင်းကို တကယ့် ဒုက္ခပေးနေလေသည်။

သူ ယခင်က ပိုက်ဆံနှင့် ပတ်သတ်၍ မစိုးရိမ်ခဲ့ရဖူးချေ။ သူ ပိုက်ဆံပြတ်လျှင် အိမ်သို့ ကြေးနန်းရိုက်လိုက်ရုံပင်။ သို့သော် မကြာသေးခင်ကမှ အိမ်က သူပို့လိုက်သောကြေးနန်းများကိုလည်း စာမပြန်တော့ချေ။ အိမ်မှ ပိုက်ဆံနောက်ဆုံးရခဲ့သည်က နှစ်ဝက်တောင် ကျော်နေပြီ။

ကံကောင်းစွာဖြင့် သူ့နေ့စဥ်ဘဝ၌ သုံးစွဲရန် ငွေအချို့ရှိနေသေးသည်။ သို့သော် ယခုတွင်မူ သူ့တွင် ပိုက်ဆံ လုံးဝမရှိတော့ပေ။ သူ ဆေးရုံမှ ဆင်းပြီးနောက် မည်သို့လုပ်ရမည်ကို မသိတော့။ သူ ပိုက်ဆံ မည်သည့်နေရာကများ ရနိုင်မည်နည်း။

ကျူ့ယန့်ချုံး အံကြိတ်လိုက်၏။ သူ အိမ်သို့ တစ်ခေါက် ပြန်ကိုပြန်ရပေမည်။ အိမ်မှာ ဘာတွေများဖြစ်နေ၍ သူ့ကို ပိုက်ဆံပို့တာရပ်လိုက်ရတာလဲ။ ဖန်းဖေးဖေးကို ငွေတောင်းရတိုင်း သူ့ရင်ထဲ အလွန်နာကျင်လှသည်။ သူတို့ခံစားချက်များကို ငွေရေးကြေးရေးကြောင့် ပြောင်းလဲကုန်တာမျိုး သူမဖြစ်ချင်။

ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ! ကျူ့ယန့်ချုံးစိတ်ထဲတွင် ကျူ့စုနျန်အပေါ် အမုန်းတရားတို့ဖြင့် ပြည့်နှက်လာသည်။

ကျူ့ယန့်ချုံးမျက်နှာပေါ်ရှိ ဖြစ်ပျက်သွားသော အမူအရာတိုင်းကို နဥ်ရှုမြင်နေရသည်။ မကျေမချမ်းဖြစ်မှု၊ ရုန်းကန်လွန်ဆွဲနေမှု၊ အရှက်ရမှုနှင့် စိတ်သက်သာရာရမှုတို့ကို မြင်နေရသည်။ နဥ်ရှု ကျိတ်၍ နှာခေါင်းရှုပ်လိုက်၏။ အခုတော့ သခင်လေးအဖြစ်ကနေ အခက်အခဲဆင်းရဲဒုက္ခဒဏ်ကို တကယ်ခံစားနေရပြီပေါ့။

ယခင်က ကျူ့စုနျန်သာလျှင် ထိုဒဏ်ကို ခံစားရပြီး ကျူ့ယန့်ချုံးနှင့် သူ့အမေတို့မှာ လုံးဝမခံစားခဲ့ရ။

ကျူ့စုနျန်က တော်တော်လေးကို တုံးအသောကြောင့်လည်းပါသည်။ ကျူ့ယန့်ချုံး ပိုက်ဆံတောင်းတိုင်း ကျူ့စုနျန်က ပေးလိုက်သည်ချည်း။ အစတုန်းကတော့ ငွေတောင်းဖို့ ဆင်ခြေဆင်လက်များ ပေးသေးသော်လည်း နောက်ပိုင်းကျတော့ စိတ်ရှုပ်မခံနိုင်တော့၍ သူငွေပြတ်သွားပြီး ငွေပိုလိုသည့်အကြောင်းသာ တိုက်ရိုက်ပြောတော့သည်။

သူတို့အလိုလိုက်ခဲ့ခြင်းကြောင့်သာ ဒါမျိုးဖြစ်လာရခြင်းပင်။ ဒါကြောင့် ယောက်ျားတွေကို အလိုမလိုက်ရဘူးပြောကြတာ၊ သူတို့ကို အလိုလိုက်လေ ပိုပိုသုံးစားမရတဲ့ကောင်ဖြစ်လာလေပဲ။ 

ကျူ့ယန့်ချုံးက အစက စိတ်မချမ်းမသာဖြစ်နေရာက အခု စိတ်ထားမကောင်းသော သူနာပြုက သည်နေရာမှာ ရပ်ပြီး သူ့ကို တည့်တည့်ကြည့်နေတာ မြင်လိုက်ရတော့ ဒေါသများ ပေါက်ကွဲလာတော့သည်။ သူ အော်လိုက်သည်။

“ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ၊ ခင်ဗျား ဂရုစိုက်ပေးတာကို မလိုဘူး”

ငါ့မျက်စိရှေ့က ပျောက်သွားစမ်းပါ ဆိုပြီး ကျူ့ယန့်ချုံးက အသံတိတ် အော်ဟစ်နေသည်။

နဥ်ရှု: → _ →

ဒါက ဘယ်လိုအပြုအမူမျိုးတုန်းဟ။ ကျူ့ယန့်ချုံး၏ လက်ရှိအမူအရာက နံရံပေါ် ခုန်ကျော်ရန် ကြိုးစားနေသည့် ခွေးရူးနှင့် မခြားပေ။

နဥ်ရှု ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

“ရှင့်ပစ္စည်းတွေ ကူသိမ်းပေးဖို့ စောင့်နေတာ”

“ဘာကူသိမ်းဖို့” ကျူ့ယန့်ချုံးက မျက်မှောင်ကြုတ်ရင်း မေးလာသည်။

“ရှင် မကြာခင် ဆေးရုံက ဆင်းရတော့မယ်လို့ ထင်တယ်၊ နှစ်ယွမ် ပေးနိုင်မှာမဟုတ်ဘူး”  နဥ်ရှုလေသံက ယုံကြည်မှုအပြည့်ဖြင့်။

ကျူ့ယန့်ချုံးနှလုံးသားက အေးစက်သွားသော်ငြား သူပြောလိုက်၏။

“ငါ ပြန်မကောင်းသေးဘူးလေ၊ ဘယ်လိုလုပ်ဆေးရုံက ဆင်းရမှာလဲ၊ ငါ့ချစ်သူက သေချာပေါက် ငွေချေးပေးလိမ့်မယ်”

သူ့ကို အထင်သေးနေသည်ဟု ကျူ့ယန့်ချုံး ခံစားရ၍ သူ ကျိတ်ပြီး ဒေါသထွက်လာသည်။ တစ်ချိန်တည်းတွင် သူ့မှာ စိတ်တထင့်ထင့်ဖြစ်နေရသည်။ ဖန်းဖေးဖေး ငွေရလာမည်ဟု သူ အာမမခံနိုင်ချေ။

ဒါဆိုရင် သူ တကယ်ပဲ ဆေးရုံကနေ ကန်ထုတ်ခံရတော့မှာလား။

ထိုညက သူ့ကိုလုယက်သွားသောသူကို ကျူ့ယန့်ချုံး ပိုမုန်းတီးလာသည်။ အနှီလူက အတွင်းခံတစ်ထည်ကလွဲပြီး သူ့ရှိသမျှ အကုန်လုယက်သွားသည်။ ဂျာမန်နာရီအတွက် သူ့နှလုံးသားလေးက အနာကျင်ရဆုံးဖြစ်သည်။ ထိုနာရီက သူပိုင်ဆိုင်သမျှထဲတွင် စျေးအကြီးဆုံးဖြစ်သည်။ သူ ဂုဏ်အယူရဆုံးလည်းဖြစ်သည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now