Chapter 1132 [Unicode]

1.8K 388 28
                                    

Chapter 1132: မုဒိမ်းကျင့်ခံရတော့မှာလား

ကျူ့ယန့်ချုံး သာမန်အတိုင်း လမ်းလျှောက်နေစဥ်
သူ့အမြင် မှောင်ကျသွားကာ တစ်ယောက်ယောက်က သူ့ကို ဆွဲခေါ်သွားလေသည်။ သူ အလန့်တကြားဖြစ်သွားပြီး အသည်းအသန် ရုန်းကန်သော်လည်း တစ်ဖက်လူက အလွန်အမင်း သန်မာနေသည်။ သူ ဘယ်လောက်ပင် ရုန်းကန်ပါစေ မလွတ်မြောက်နိုင်ခဲ့။

နဥ်ရှု ရုတ်ခြည်း သူ့ကို စပြီး ရိုက်နှက်ကန်ကျောက်ကာ မျက်နှာကို ထိုးတော့သည်။ ကျူ့ယန့်ချုံးခဗျာ အစကတည်းက ဒဏ်ရာရနေပြီးသားကို နဥ်ရှု၏ ရိုက်နှက်မှုအောက်တွင် နာကျင်မှုကြောင့် အော်ဟစ်မြည်တမ်းလာသည်။

“မင်း…” ကျူ့ယန့်ချုံး သူ့ခေါင်းပေါ်တွင် အုပ်ထားသော အဝတ်ကို ဖယ်ကာ စကားပြောချင်သော်လည်း လက်သီးတစ်ချက်က သူ့မျက်နှာပေါ်ရောက်လာပြီး နောက်တစ်ချက်က သူ့ဗိုက်ပေါ် အလျင်အမြန်ကျလာသည်။

ကျူ့ယန့်ချုံး ရုတ်တရက် အန်ချလိုက်သည်။ နဥ်ရှု၏ ဘယ်ဘက်လက်သီးက သူ့အသည်းကို သွားထိုးမိပြီးနောက် သူ့ကိုယ်အောက်ပိုင်းကို လှည့်ကန်လိုက်ပြန်သည်။ သူ မြေကြီးပေါ်မှာ လဲကျရင်း ညည်းတွားကာ မထနိုင်တော့ချေ။

နဥ်ရှု ကိုယ်ကိုကိုင်းပြီး ကျူ့ယန့်ချုံး၏ လက်ကောက်ဝတ်မှ နာရီကို ချွတ်ယူလိုက်သည်။ ထို့နောက် သူ့အဝတ်များကို ချွတ်ကာ အတွင်းခံဘောင်းဘီသာ ချန်ပြီး ထားခဲ့တော့သည်။

ကျူ့ယန့်ချုံးသည် ပြန်ခုခံရန်ပင် အားမရှိတော့သည့် အခြေအနေမျိုးရောက်အောင် အရိုက်ခံခဲ့ရလေသည်။ သူ့ကိုယ်ထဲရှိ အရိုးများအားလုံး ကျိုးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်လုံးများက ဖူးယောင်နေပြီး ဖွင့်တောင်မဖွင့်နိုင်ပါချေ။

တစ်ခြားလူက သူ့အဝတ်အစားများကို ချွတ်နေသည်အား ခံစားမိတော့ သူ့နှလုံးသားထဲတွင် ကြောက်စိတ်များက တလိပ်လိပ်ထိုးတက်လာသည်။ သူ မုဒိမ်းကျင့်ခံတော့မည်လား။ ယောက်ျားတစ်ယောက်ဆီကနေလေ။

နဥ်ရှုက တကယ့်ကို သန်မာလှသည်။ ထို့ကြောင့်ပင် သူ့ကို ရိုက်နေသောသူက ယောက်ျားတစ်ယောက်ဟု ကျူ့ယန့်ချုံးက ယုံကြည်သွားသည်။

Realm 18: ကလေးသတို့သမီးOnde histórias criam vida. Descubra agora