Chapter 1142 [Unicode]

1.8K 287 17
                                    

Chapter 1142: ငါက မင်းအဖေပဲ

နဥ်ရှု သူမရင်ဘတ်ကို ထိလိုက်၏။ သူမနှလုံးသားလေးက မွန်းကျပ်ပြီး မသက်မသာဖြစ်လာသည်။ ကျူ့စုနျန်က တကယ့်ကို အပြင်းအထန် ရှုပ်ထွေးသိမ်ငယ်နေသလိုခံစားရသည်။ အနှီရှုပ်ထွေးသိမ်ငယ်နေမှုက ကျူ့ယန့်ချူံးရှေ့တွင်ဆို ပိုပြင်းထန်သည်။

ပုံမှန်ဆို သူမ ကျူ့ယန့်ချုံးကို ယောက်ျားဟု ခေါ်သင့်သည်။ သူ့ကို တစ်ခြားသူများနှင့် မိတ်ဆက်ပေးသည့်အခါ ‘ဒါ ကျွန်မခင်ပွန်း၊ ကျွန်မယောက်ျား’ ဟု မိတ်ဆက်ပေးသင့်သည်။ သို့သော်လည်း သူမမှာ ကျူ့ယန့်ချုံး စိတ်ဆိုးမည်ကို ကြောက်သည့်အတွက်ကြောင့် မည်သူမေးမေး သူမက ကျူ့ယန့်ချုံး၏ အစ်မကြီးဟုသာ ပြောခဲ့သည်။

ယခုမူ နိုင်ငံအတွင်းရှိ အခြေအနေများမှာ တဖြည်းဖြည်း တင်းမာလာနေသည်။ ဂျပန်များက အရှေ့မြောက်ဖျားပြည်နယ်သုံးခုကို သိမ်းယူနေပြီဖြစ်၍ နိုင်ငံအတွင်းရှိ အင်အားစုနှစ်စုတို့မှာ ရှုပ်ယှက်ခတ်လျက် ပြည်တွင်းစစ်ဖြစ်နေကြသည်။ ဗဟိုအစိုးရ၏ မူဝါဒမှာ ပြည်ပရန်ကို မရှင်းခင် အတွင်းရန်ကို အရင်ရှင်းရမည် ဟူ၍။ ထို့ကြောင့် သူတို့သည် ကွန်မြူနစ်တပ်နီတော်ချေမှုန်းရေးကို အာရုံစိုက်လာကြသည်။ နေရာတိုင်းတွင် သူလျှိုများရှိနေပြီး လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးပျက်စီးခြင်းများက ဆက်လက်ဖြစ်ပွားနေကာ ပြည်နယ်အရေးကိစ္စများကို ပိုမို မတည်မငြိမ်ဖြစ်လာစေသည်။ တစ်နိုင်ငံလုံး မငြိမ်မသက် မငြိမ်းမချမ်းဖြစ်နေလေသည်။

[ကူမင်တန်ပါတီနဲ့ ကွန်မြူနစ်ပါတီ ချနေကြတာ]

နေ့တိုင်းနေ့တိုင်း အရာရှိ လူကုံထံအသိုင်းအဝိုင်းမှ လမ်းဘေးစျေးသည်များအထိ အဖမ်းခံနေရပြီး ထောင်ထဲအပို့ခံရလေသည်။ အစိုးရက တပ်နီတော်နှင့် ပတ်သတ်သည်ဟု ထင်ရသည့် လူမှန်သမျှကို ရှင်းပစ်ရန် ကြိုးပမ်းသည်။

အုံ့ဆိုင်းနေသော တိမ်စိုင်ထူတို့က တစ်နိုင်ငံလုံးကို ရစ်ပတ်လွှမ်းခြုံနေပြီး အောက်က မြေကြီးသည်လည်း ပရိဒေဝသောကရောက်ကာ အော်ဟစ်မြည်တမ်းနေရသည်။ ဤကဲ့သို့ဖရိုဖရဲ ပရမ်းပတာဖြစ်နေသော လောကကြီးတွင် နဥ်ရှုက အရမ်းကို သေးငယ်လွန်းလှသည်ဟု ခံစားလိုက်ရသည်။ ခါးခါးသီးသီး ရုန်းကန်နေရမှု၊ ဒုက္ခခံရမှုနှင့် နာကျင်မှုတို့က သူမနှလုံးသားထဲ တဖြည်းဖြည်းချင်း ကြီးထွားလာ၍ အသက်မရှုနိုင်လောက်အောင် မွန်းကျပ်လာသည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now