Chapter 1129 [Zawgyi]

1.5K 150 7
                                    

Chapter 1129: ထို့နောက် သူမ၏ အခန်းကဏ္ဍက ပြီးလေပြီ

နဉ်ရှု ရှန့်ဟိုင်ကို ရောက်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ကျူ့ယန့်ချုံးကို သွားမတွေ့ပေ။ သူမ၏နေ့ရက်တိုင်းကို စစ်ဆရာဝန်အခြေခံ ဗဟုသုတများကို လေ့လာခြင်းတွင် အချိန်မဖြုန်းဖြစ်လျှင် သူမ ကျူ့စစ်ယွမ်ကို စာဖတ်ခြင်းနှင့် ရေတွက်ခြင်းကို သင်ပေးသည်။

သူမ တစ်ခါတစ်ရံ အလုပ်သင်သူနာပြုအဖြစ် ဆေးရုံသို့သွားအလုပ်လုပ်ကာ လူနာများကို ပြုစုစောင့်ရှောက်ရသည်။ ဆရာဝန်ရာထူးအတွက် ကြိုတင်၍ ကျင့်သားရအောင် လုပ်ခြင်းဟု မှတ်ယူနိုင်သည်။

ကျူ့ယန့်ချုံးအတွက် ထောက်ပံ့ရခြင်းမရှိဘဲ သူမကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ရသည့် နေ့ရက်တိုင်းက အရမ်း စိတ်ချမ်းသာစရာကောင်းလွန်းနေသည်။

အရိုးသားဆုံးပြောရလျှင် ကျူ့စုနျန်က သူမတစ်ဘဝလုံး ကိုယ့်အတွက် ကိုယ်အသက်ရှင်နေထိုင်ခဲ့ရခြင်း မရှိခဲ့။ သူမကလေးဘဝကတည်းကပင် ကျူ့မိသားစုကို ကလေးသတို့သမီးအဖြစ် အရောင်းခံခဲ့ရပြီး သူမထက် ပိုငယ်သော ကျူ့ယန့်ချုံးကို ဂရုစိုက်ရင်း နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ရသည်။ ကျူ့မိသားစု အကျပ်အတည်းနှင့် ကြုံတွေ့ရပြီးနောက်မှာ ကျူ့ယန့်ချုံး ပညာသင်သည်ကို ထောက်ပံ့ရန်  သူမ အလုပ်ကြိုးစားတော့သည်။ ကျူ့ယန့်ချုံး တစ်ကြိမ်တစ်ခါ အောင်မြင်ပြီး သူ့နာမည်သူ တည်ဆောက်နိုင်သည်နှင့် သူမ၏အခန်းကဏ္ဍက ပြီးကာ အနားယူနိုင်ပေသည်။

ကျူ့စုနျန်၏အလုပ်သည် ရိုးရှင်းလှသည်။ ကျူ့ယန့်ချုံးကို သူမ မသေခင်အထိ ဆက်လက် ထောက်ပံ့နေရမည်ုဖြစ်သည်။ ဘယ်လောက်တောင် ​ဆိုးရွားလိုက်သလဲ?

သို့သော်လည်း ကျူ့ယန့်ချုံးကတော့ သူမကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပေ။

နဉ်ရှု သူနာပြုဝတ်စုံကို ဝတ်လိုက်ပြီး ခေါင်းပေါ်တွင် ဦးထုပ်တင်ကာ မျက်နှာကို နှာခေါင်းစည်းတပ်၍ လူနာဆောင်ထဲသို့ လျှောက်လာသည်။ ထိုနေရာတွင် တရုတ်သင်တိုင်းအင်္ကျီ ဝတ်ဆင်ထားသော ကျောင်းသား တော်တော်များများနှင့် ကျောင်းသူအနည်းငယ်ကိုလည်း တွေ့ရသည်။

Realm 18: ကလေးသတို့သမီးDonde viven las historias. Descúbrelo ahora