Chapter 1125 [Unicode]

2.2K 381 10
                                    

Chapter 1125: တကယ့်ကို စိုစွတ်ပြီး အေးနေတာပဲ

မကြာမီ စစ်ဘေးရှောင်ဒုက္ခသည်
များ အစုလိုက်အပြုံလိုက် ရောက်လာကာ ထိုဒုက္ခသည်များက အစားတစ်လုတ်အတွက် ဘာမဆိုလုပ်ကြလိမ့်မည်။ ထို့ကြောင့် နဥ်ရှုလည်း ပြောင်းရွှေ့ဖို့ စလုပ်ရတော့သည်။

သူမလို မိန်းမတစ်ယောက်က ရွှေ့ပြောင်းဒုက္ခသည်များ၏ ပစ်မှတ် အလွယ်တကူ ဖြစ်လာနိုင်သည်။

မူလဇာတ်ကြောင်းအရဆိုလျှင် ကျူ့စုနျန်က ကလေးကိုခေါ်ကာ ကျူ့ယန့်ချုံးကိုရှာရန် စိုးရိမ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ရှန့်ဟိုင်သို့ တက်လာသည်။ သီချင်းများနှင့် အကများဖြင့် ငြိမ်းချမ်းရေးပွဲများ ကျင်းပတတ်သော မျက်စိကျိန်းလောက်အောင် လှပသည့် ရှန့်ဟိုင်သို့ သူမ လာခဲ့သည်။

သူမ ရှန့်ဟိုင်သို့ ရောက်သောအခါ သူမ လမ်းပျောက်သွားသေးသည်။ ရှန့်ဟိုင်က သူမနှင့် သိပ်မကိုက်ညီလှချေ။ ကျူ့ယန့်ချုံးတွင် သူကြိုက်နေသော မိန်းကလေးရှိသည်ကို သူမ ရှာတွေ့ပြီးနောက်တွင် သူမ ပိုပိုစိုးရိမ်သောကရောက်ပြီး ကြောက်ရွံ့လာတော့သည်။

ကျူ့ယန့်ချုံးက ကျူ့စုနျန်ရောက်လာသည်ကို မပျော်မရွှင်ဖြစ်နေကာ သူမကို မနှစ်မြို့သလိုတောင် ခံစားနေရသည်။ သူက သူမကို တစ်ခြားလူတွေနှင့် မိတ်ဆက်ပေးသောအခါ သူမက သူ့အစ်မဆိုပြီး သူပြောလေသည်။

ကျူ့စုနျန်က အစကတည်းက ကျူ့ယန့်ချုံးထက် ၅နှစ်ပိုကြီးပြီး သည်နှစ်အတွင်းမှာ အလုပ်အားလုံး သူမလုပ်ခဲ့ရသောကြောင့် သူမက ပိုကြီးနေပုံပေါ်သည်။ သူမက ချောမောပြီး ဉာဏ်ကောင်းသောကိုယ်ရောင်ရောင်ဝါတို့ဖြင့် ပြည့်နေသော ကျူ့ယန့်ချုံးထက် မျိုးဆက်တစ်ဆက်ပိုကြီးနေသလိုဖြစ်နေသည်။

ကျူ့စုနျန် အနည်းငယ် နာကျင်ရ၏။ သူမက အစကတည်းက ကျူ့ယန့်ချုံး၏ဇနီးဖြစ်သော်လည်း သူက သူမကို သူ့အစ်မဆိုပြီး ပြောနေလေသည်။ ကျူ့ယန့်ချုံး၏ အကြောင်းပြချက်ကား သူ လက်ထပ်ပြီးတာကို သူ့အတန်းဖော်တွေကို မသိစေချင်၊ အထူးသဖြင့် ကလေးသတို့သမီးကဲ့သို့သော မြေရှင်ပဒေသရာဇ်ခေတ်နည်းလမ်းမျိုးကိုပင်။ သူပြောတာက သူ့အတန်းဖော်တွေက သူ့ကို လှောင်ရယ်ကြလိမ့်မည်တဲ့။

Realm 18: ကလေးသတို့သမီးOnde histórias criam vida. Descubra agora