Chapter 1145 [Unicode]

960 154 2
                                    

Chapter 1145: သူက ကိုယ့်အစ်မ

ကျူ့ယန့်ချုံး၏ ရည်ရွယ်ချက်ကား ပိုက်ဆံရဖို့ပင်။ သို့သော် နဥ်ရှုက သူ့ကို ကလေးတစ်ယောက်ကဲ့သို့ သဘောထားပြီး နှပ်ချရန် ကြိုးစားနေသည်။ သူ ကျောင်းသွားဖို့ လိုသေးသည်။ ကလေးတစ်ယောက်ကို သူ့အနားခေါ်ထား၍ ဂရုစိုက်ဖို့အချိန် သူ့တွင် မည်သို့ရှိမည်နည်း။ သည်ကလေးက မည်သူမည်ဝါဖြစ်သည်ကို သူ မည်သို့ပြောပြရမည်နည်း။

ကျူ့ယန့်ချုံး ကြောက်လန့်နေသော ကျူ့စစ်ယွမ်ကို တစ်ချက်ကြည့်လိုက်၏။ အမျိုးသမီးတစ်ယောက်နောက်တွင် ဝင်ပုန်းနေသည့် မြင်ကွင်းက ကျူ့ယန့်ချုံးကို မသက်မသာခံစားရစေပြီး သူက ကလေးကို နည်းနည်းလေးမျှ နှစ်မြို့ခြင်းမရှိ။

"ကလေးတစ်ယောက်ကို စောင့်ရှောက်ဖို့ ငါ့မှာ အချိန်မရှိဘူး၊ ငါ့အိမ်စာတွေနဲ့ကို ငါ့မှာ အလုပ်များနေတာ၊ ဘယ်လိုလုပ် ကလေးကြည့်ပေးနိုင်မှာလဲ၊ သူ့ကို အိမ်ထဲမှာပဲ သော့ခတ်ထားရမလား" ကျူ့ယန့်ချုံး မျက်မှောင်ကြုတ်လိုက်၏။ သူ ကျူ့စစ်ယွမ်ကို မပြုစုမပျိုးထောင်ချင်သည်မှာ အသိသာကြီးပင်။

နဥ်ရှု၏ မျက်နှာပေါ်တွင် အခက်ကြုံနေသော မျက်နှာထားမျိုးက ပေါ်လာတော့သည်။ "ဒါဆို ကျွန်မ ဘယ်လိုလုပ်ရမလဲ၊ ပြွန်သဏ္ဍာန်အဆောက်အဦးမှာ ထပ်ကြာကြာနေဖို့တောင် မတတ်နိုင်တော့ဘူး၊ ကျွန်မက ဘယ်လိုဖြစ်ဖြစ်ရပေမဲ့ ကလေးကတော့ ကျွန်မနဲ့အတူ ဒုက္ခမခံသင့်ဘူးလေ"

ခံစားချက်တို့ ထောင်ပေါင်းများစွာကတောင် ယခု ကျူ့ယန့်ချုံး မည်သို့ခံစားနေရသည်ကို ဖော်ပြချင်းငှာ မစွမ်းသာ။ ဘယ်လိုသောက်ကျိုးနည်း အခြေအနေကြီးလဲ။ ကျူ့စုနျန်က တကယ်ကြီး သူ့ဆီက ပိုက်ဆံလိုချင်နေတာလား။

"ငါ့ကို ပိုက်ဆံပေး၊ ပြီးရင် ကျူ့စစ်ယွမ် ငါနဲ့ နေလို့ရပြီ" ကျူ့ယန့်ချုံးက ပြောလိုက်တယ်။

နဥ်ရှု: ...

"ကျွန်မမှာ ပိုက်ဆံ တကယ်မရှိဘူး" နဥ်ရှု ကူကယ်ရာမဲ့သောပုံစံဖြင့် လက်တို့ကို မြှောက်ပြလိုက်လေသည်။

ကျူ့ယန့်ချုံး၏မျက်နှာကား စိတ်မရှည်မှုတို့ဖြင့် ပြည့်နှက်လာတော့သည်။ သူတို့သာ လမ်းပေါ်မှာ မဟုတ်ခဲ့လျှင် ကျူ့ယန့်ချုံးက သူမအိတ်ကပ်တွေထဲ ပိုက်ဆံကို တိုက်ရိုက် ရှာဖွေလှန်လှောပေလိမ့်မည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now