Chapter 1124 [Zawgyi]

1.5K 123 1
                                    

Chapter 1124: စက်တင်ဘာ ၁၈ ဂျပန်တို့ ကျူးကျော်မှု

သူမက ကံကောင်းမှုများကို ဒီဘဝမှာ အကုန်သုံးပြီးခဲ့သောကြောင့် ကျူ့ယန့်ချုံး အောင်မြင်သည်အထိ အသက်မရှင်နိုင်တော့တာလည်း ဖြစ်နိုင်သည်။

အမေကျူ့ကို သင်္ဂြိုဟ်ပြီးနောက်ပိုင်းတွင် နဉ်ရှု ကျူ့ယန့်ချုံးကို ကြေးနန်းထပ်မရိုက်တော့ချေ။ ကျူ့ယန့်ချုံးက ကြေးနန်းရိုက်လာလျှင်တောင် သူမ ဖတ်ပြီး ဆုတ်ဖြဲပစ်လိုက်သည်။ တစ်ခါတစ်ရံတွင် သူမက ကျူ့စစ်ယွမ် လေယာဉ်ပျံခေါက်ရန်အတွက် ပြန်ယူလာသည်။

ယခုလက်ရှိတွင် သူမက တို့ဟူးဆက်ရောင်းနေဆဲဖြစ်သည်။ သို့သော်လည်း သူမ လုပ်သော တို့ဟူးခြောက်ကို စားသောက်ဆိုင်တစ်ခုက သဘောကျပြီး သူမဆီက နေ့တိုင်း ဝယ်ယူသည်။ ဤသည်ကပင် သူတို့ဘဝအဆင့်အတန်းကို ယခင်ကထက် ပိုကောင်းလာစေသည်။

သူမ ငွေ အနည်းငယ် စုဆောင်းမိပြီး ငွေတစ်ဝက်ကျော်ကျော်လောက်ကို စားနပ်ရိက္ခာအခြောက်အခြမ်းများဝယ်ရန် သုံးလိုက်သည်။

အချိန်အတော်ကြာသည်အထိ ကျွေးမွေးပြီးနောက်မှာ ကျူ့စစ်ယွမ်က နောက်ဆုံး အရင်ကနှင့်ယှဉ်လျှင် နည်းနည်းလေး ဝကစ်လာပြီး သူ့ဆံပင်က အဝါရောင်မသမ်းတော့ချေ။ နဉ်ရှု ပြိုင်ဘက်ကင်း ကိုယ်ခံပညာ၏ အကူအညီဖြင့် သူမခန္ဓာကိုယ်ကို ပိုကျန်းမာလာအောင် ကြိုးပမ်းနေသည်။ အရင်ကနှင့်ယှဉ်လျှင် ခွန်အားအများကြီး ပိုရှိလာသည်။

သူမအတွက် သင့်လျော်သောလက်နက်တစ်ခုရှာရန် ကြိုးပမ်းနေရသည်။ ဒီခေတ်ကာလရှိ အားအကောင်းဆုံးလက်နက်မှာ သေနတ်ဖြစ်သော်လည်း ယခုလက်ရှိ သူမလက်ထဲတွင် သေနတ်တစ်လက်ရရှိရန် နည်းလမ်းမရှိပေ။ ဒါက သူမနောက်ကျောတွင် ဓားရှည်တစ်လက်လွယ်ထားပြီး ရှေးခေတ်အမျိုးသမီးသူရဲကောင်းလုပ်ရမယ်လို့ ဆိုလိုတာလား။

တကယ်တော့ လက်နက်ပုန်းတစ်ခုက ပိုကောင်းသည်။ သယ်ရတာလည်း အဆင်ပြေသည်။

နဉ်ရှုက ပန်းပဲသမားတစ်ယောက်ကို လက်သည်းခွံအရွယ်အစားရှိပြီး ပိုမိုချွန်ထက်သောအပ် အမြောက်အများကို လုပ်စေသည်။ သူမ အချိန်ရတိုင်း ခြံထဲတွင် အပ်ပစ်လေ့ကျင့်လေသည်။ ဒီကမ္ဘာကြီးက ပိုပိုပြီး ပရမ်းပတာ ဖြစ်လာလိမ့်မည်။

Realm 18: ကလေးသတို့သမီးOpowieści tętniące życiem. Odkryj je teraz