Chapter 1141 [Zawgyi]

1K 63 1
                                    

Chapter 1141: ကျောင်းပထမဆုံးနေ့

ဖန်းဖေးဖေး ငွေချေး၍မရလောက်ဟု နဉ်ရှုတွေးထားခဲ့သော်ငြား မမျှော်လင့်ဘဲ နောက်တစ်နေ့တွင် ဖန်းဖေးဖေးက ငွေနှစ်ယွမ်နှင့်အတူ ပြန်လာခဲ့သည်။ ဤငွေများမှာ အတန်းဖော်များထံမှ ချေးလာခဲ့ခြင်းဖြစ်ပြီး သူမ ငွေချေးစာချုပ်များတောင် ရေးခဲ့ရသည်။

ကုသစရိတ်အား ထပ်ပြီး စိုးရိမ်စရာမလိုတော့၍ ကျူ့ယန့်ချုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းချမိလိုက်သည်။ သူ နဉ်ရှုကို မြင်တော့ သူလေမှုတ်ထုတ်လိုက်ပြီး ဘဝင်ခိုက်လျက် ပြောလာသည်။

“ငါ ဆေးရုံကဆင်းရမယ်လို့ ဘယ်သူ​လဲ၊ ငါ့ချစ်သူက ကောလိပ်မှာ အရမ်းနာမည်ကြီးတာ၊ ငါ့ကို ထားသွားမှာမဟုတ်ဘူး”

နဉ်ရှု: → _ →

နင်က ဘာတွေများ ဘဝင်ခိုက်နေတာလဲ၊ သူပြောပုံက သည်ပိုက်ဆံတွေကို ပြန်ပေးစရာမလိုသည့်အတိုင်းပင်။ အချိန်ရောက်လာသည်နှင့် ဘယ်က ပိုက်ဆံဆွဲထုတ်ပေးမလဲ သူမမြင်ချင်သေးသည်၊ တကယ် ရှက်စရာကောင်းလှသည်၊ သူ ဟွမ်းဖူ(လက်ရှိ ကွမ်တုန်း)ဆိပ်ကမ်းမှာ ကုန်ချအထမ်းသမားလုပ်ရင်း အဆုံးသတ်သွားလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

ဖန်းဖေးဖေး ငွေသွားချေးရခြင်းမှာ နောက်ထပ်ငွေနှစ်ယွမ် သူမ မပေးလိုသောကြောင့်ဖြစ်သည်။ သမီးရည်းစားများကြားထဲတွင် ပိုက်ဆံကိစ္စကြားဝင်လာပါက အမြဲတမ်း ဆိုးဝါးလေ့ရှိသည်။ အနှီကျောင်းသားကျောင်းသူများက ပိုက်ဆံပြန်တောင်းသောအခါ ဖန်းဖေးဖေးအစား ကျူ့ယန့်ချုံးကိုသာ ရှာကြလိမ့်မည်။

ဖန်းဖေးဖေးက ကျူ့ယန့်ချုံးကို ပြုစုပေးရန် အတန်းအားချိန်တိုင်း လာတတ်သည်။ သူမက တော်တော်လေး ဂရုစိုက်ကြင်နာတတ်၍ ကျူ့ယန့်ချုံး အတော်လေးကို ပျော်ရွှင်ရသည်။

နဉ်ရှုက ကျူ့ယန့်ချုံးရှေ့ ထပ်ပေါ်လာခဲသည်။ သူမ အချိန်အများစုကို စစ်ပညာလေ့လာခြင်းနှင့် သူမခန္ဓာကိုယ်အင်အား တိုးလာစေခြင်း၌သာ နှစ်မြှုပ်ထားသည်။ သို့မဟုတ်ပါက စစ်မြေပြင်သွားရသည့် အချိန်ရောက်လာခဲ့လျှင် သူမ ပြေးဖို့ အားတောင်မရှိဘဲနေလိမ့်မည်။ သူမ ကိုယ်ခံပညာလေ့ကျင့်ပြီးတော့ အသက်ရှင်နိုင်ရန် အခွင့်အရေးများလာဖို့အတွက် ပစ်ခတ်သည့်နည်းလမ်းများကိုလည်း ပြန်လေ့ကျင့်နေရသည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now