Chapter 1119 [Unicode]

2K 308 8
                                    

Chapter 1119: ဘဝ အဆင့်မြှင့်တင်ခြင်း

နဥ်ရှု ဆေးပေးခန်းကို သွားကာ ဆရာဝန်ရှာလာပြီး ဆရာဝန်နှင့်အတူ ပြန်လာခဲ့သည်။ အမေကျူ့ကသတိလစ်နေဆဲ ဖြစ်ပြီး ဆရာဝန်က သွေးကြောစစမ်းနေသည်။

နဥ်ရှု အိပ်ရာဘေးတွင် မတ်တတ်ရပ်နေကာ စစ်ယွမ်လေး၏လက်ကို ကိုင်ထား၏။ မူလဇာတ်ကြောင်းသာ မပြောင်းလျှင် အမေကျူ့ ဒီဆောင်းရာသီအထိ အသက်ဆက်ရှင်နိုင်မည်မဟုတ်။

“ဆရာ အမေ ဘယ်လိုနေလဲ”  နဥ်ရှု မေးလိုက်၏။

ဆရာဝန်က သူ့လက်တွေ ပြန်ရုတ်ကာ ခေါင်းခါလိုက်သည်။  “အပြင်းဖျားတာမျိုး မဟုတ်ဘူး၊ စိုးရိမ်စိတ်များပြီး စိတ်ဓာတ်ကျသွားလို့ ဖြစ်တာ၊ ဖြည်းဖြည်းချင်း အားပြန်ဖြည့်ဖို့ပဲ လိုတယ်”

နဥ်ရှု ဆရာဝန်ကို ကျေးဇူးတင်ပြီး ခြေကြွခ ပေးလိုက်၏။

တည့်တည့်ပြောရလျှင် အမေကျူ့နာမကျန်းဖြစ်ရခြင်းမှာ စိုးရိမ်စိတ်များလွန်း၍ ဖြစ်သည်။  အမေကျူ့သည် ကြီးမားသောအိမ်တော်ကြီး၏ သခင်မတစ်ယောက် ဖြစ်ခဲ့သည်။ သခင်ကြီးကျူ့ ကွယ်လွန်ကတည်းက အမေကျူ့သည် သောကရောက်ကာ စိတ်ဖိစီးမှုများခဲ့သည်။ သူမသားကလည်း သူမဘေးတွင်မရှိ၍ သူမတွင် အားကိုးအားထားပြုစရာ ယောက်ျားသားမရှိပေ။

နဥ်ရှု ခေါင်းသာ ယမ်းလိုက်မိသည်။ အမေကျူ့က အားနည်းလွန်းသည်။

ကျူ့စုနျန်က အမေကျူ့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပြီး အလုပ်ကြမ်းတွေလည်း လုပ်ခွင့်မပြုပေ။သို့သော်လည်း အကျိုးဆက်က အမေကျူ့ကို စိုးရိမ်ပူပန်ဖို့ အားလပ်ချိန်အများကြီး ရနေစေသည်။

နဥ်ရှု အဒေါ်တစ်ယောက်ချင်းအတွက် တို့ဟူးတုံးတစ်တုံးစီ ဖြတ်ပေးကာ လာကူညီသည့်အတွက် ကျေးဇူးတင်လိုက်၏။ အဒေါ်တွေက ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဖြင့် တို့ဟူးကို လက်ခံလိုက်ပြီး အကူအညီလိုလျှင် သူတို့ကို အချိန်မရွေး လာရှာရန် ပြောလေသည်။

နဥ်ရှု အိပ်ရာဘေးနား ထိုင်ကာ အမေကျူ့၏ သွေးကြောကို စမ်းကြည့်သည်။ သူမတွေ့တဲ့ရလဒ်ကလည်း ဆရာဝန်ပြောခဲ့တာနှင့် တော်တော် တူတာတွေ့ရသည်။ နဥ်ရှု ခဏ မှင်တက်သွား၏။ အမေကျူ့က တကယ့်ကို စိတ်ဓာတ်ကျနေတာပဲ။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now