Chapter 1133 [Unicode]

2K 371 5
                                    

Chapter 1133: လူများကို လုယက်ခြင်းက ငွေအမြောက်အများ ရသည်

နဥ်ရှု ကျူ့စစ်ယွမ်အတွက် ကိတ်လေးတစ်လုံးလောက် ဝယ်ရန် အနောက်တိုင်းကိတ်ဆိုင်သို့ သွားခဲ့သည်။ ယနေ့သည် ကျူ့စစ်ယွမ်၏ သုံးနှစ်ပြည့်မွေးနေ့ဖြစ်သည်။ မကြာမီ သူ ကျောင်းစတက်ရတော့မည်ဖြစ်သည်။

သူမ စစ်မြေပြင်သို့ မသွားခင် သူ့အတွက် အရာအားလုံးကို သင့်တင့်လျောက်ပတ်စွာ စီစဥ်နိုင်ခဲ့ရန် မျှော်လင့်မိသည်။

တကယ်တော့ နဥ်ရှု ကျူ့စစ်ယွမ်ကို သူမနှင့်အတူ ခေါ်ထားချင်မိသော်လည်း သူမက စစ်တပ်နှင့်အတူ လိုက်ပါခရီးထွက်ရမည့် စစ်ဆရာဝန်ဖြစ်နေသည်။ ကျူ့စစ်ယွမ်လို ကလေးကို သူမနှင့် ခေါ်လာခဲ့လျှင် ပြဿနာက အလွယ်တကူ တက်လာနိုင်သည်။

ပတ်ဝန်းကျင်အခြေအနေက ကြမ်းတမ်းလွန်းသဖြင့် ကလေးများ အလွယ်တကူ ဖျားနာနိုင်သည်။

ကံအားလျော်စွာဖြင့် ယခုက အရန်စစ်ဆရာဝန်သင်တန်းသာ ဖြစ်နေ၍ သူတို့ သူမကို စစ်မြေပြင်သို့ ချက်ချင်း မပို့သေးချေ။ ဂျပန်ဆန့်ကျင်ရေး တရုတ်စစ်ပွဲ မစခင် နှစ်အနည်းငယ်လောက်လိုသေးသည်။

သူမ ကျူ့စစ်ယွမ်ဘေးနား နေချိန် အတော်အသင့်ရသေးသည်။

သူမ စစ်ပွဲသွားရမည် မသွားရမည်ကတော့ ကံစီမံရာပင်။ သူမက စာချုပ်တွင် လက်မှတ်ထိုးပြီးသား ဖြစ်နေပြီ။ သူမသာ စိတ်ပြောင်းသွားခဲ့လျှင် ဝမ်းနည်းစရာကံကြမ္မာနှင့်သာ အဆုံးသတ်သွားမှာ သေချာသလောက်ရှိသည်။

ဖရိုဖရဲပရမ်းပတာဖြစ်နေသောအချိန်တွင် လူ့အသက်များကား တန်ဖိုးအမဲ့ဆုံးဖြစ်သည်။ နဥ်ရှု၏ အကြီးမားဆုံးဆန္ဒက သူမကိုယ်သူမနှင့် ကျူ့စစ်ယွမ်ကို လုံခြုံအောင်ထားရန်ဖြစ်ပြီး ကျူ့စစ်ယွမ်ကို လူကောင်းသူကောင်းဖြစ်အောင် ပျိုးထောင်ပေး၍ ချမ်းသာပြီးပျက်စီးနေတတ်သောသူ ဖြစ်မလာစေရန်ဖြစ်သည်။

သူတို့အိမ်ပြန်ရောက်တော့ ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်များ ထွန်းလိုက်ပြီး ကျူ့စစ်ယွမ်ကို ပြောလိုက်၏။ “စစ်ယွမ် ကိတ်မုန့်ကို ဆုတောင်းလိုက်”

Realm 18: ကလေးသတို့သမီးOpowieści tętniące życiem. Odkryj je teraz