Chapter 1128 [Zawgyi]

1.4K 145 4
                                    

Chapter 1128: စစ်ဆရာဝန်
လေ့ကျင့်ရေးသင်တန်း

ရှန့်ဟိုင်တွင် သူမ၏ကိုယ်ပိုင်
အိမ်ရှိနေပြီဖြစ်သည်။ ကျူ့ယန့်ချုံးတွင်တောင်မှ ဒါမျိုး ရှိသည်မဟုတ်ပေ။

နောက်တော့ နဉ်ရှု သင်တန်းစတက်ရသည်။ စစ်ဆရာဝန်များမှာ နှလုံးရောဂါ သို့မဟုတ် သွေးဖိအားများခြင်း ကဲ့သို့သော နာမကျန်းဖြစ်ခြင်းများကို မည်သို့ကုရမည်ကို သိစရာမလိုသော်လည်း ကတုတ်ကျင်း​အောက်ခြေတွင် မီးလောင်ဒဏ်ရာများ၊ စုတ်ပြတ်ပေါက်ပြဲနေသော ဒဏ်ရာများနှင့် ဝမ်းကိုက်ရောဂါကဲ့သို့သော စစ်​ပွဲအတွင်းမှ ရခဲ့သော ဒဏ်ရာများကို ကုသရာတွင် အလွန်ကျွမ်းကျင်ဖို့တော့ လိုသည်။

ကုသမှုအခြေအနေတွင် သူတို့
လက်ထဲရှိသမျှ ဘယ်အရာကိုမဆိုအသုံးချနိုင်စွမ်းရှိရမည်။ ထိုနေရာတွင် ပိုးသတ်ဆေး မရှိ၊ မေ့ဆေး ထုံဆေး မရှိ၊ ခွဲစိတ်ဓားမရှိပေ။ စစ်သားတစ်ယောက်၏ အသက်ကို ကယ်ဆယ်ရန် အလျင်မြန်ဆုံးနှင့် အကြမ်းတမ်းဆုံးနည်းလမ်းကို အသုံးပြုရန် စစ်သုံးဓား သို့မဟုတ် အသီးခွဲဓားတစ်ချောင်းတည်းနှင့် ဖြတ်တောက်ကုသနိုင်ဖို့ ပြင်ဆင်ရပေမည်။

စစ်ဆရာဝန်များသည် စစ်သားများက ပထမ၊ ဆရာဝန်များက ဒုတိယ ဖြစ်ရမည်။ ပတ်ဝန်းကျင်မှ ကုသမှုကိရိယာများနှင့် အသက်ဆက်လက်ရှင်သန်နိုင်ရေး လိုအပ်ချက်ပစ္စည်းများကို ရှာဖွေနိုင်ရန် သူတို့တွင် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ် ရှိရန်လိုသည်။ တစ်ခြားသူများကို ကယ်ဆယ်ရန်သာမက သူတို့ကိုယ်တိုင်၏ လုံခြုံဘေးကင်းမှုကိုလည်း ကာကွယ်နိုင်ရမည်။

အကျဉ်းချုပ်ရသော် ထိုအလုပ်မှာ အလွန်အန္တရာယ်များသော အလုပ်ဖြစ်ပြီး စိတ်နေစိတ်ထားကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။ အပြင်ဘက်ရှိ တိုက်ခိုက်သံနှင့် သေနတ်သံများကို နားထောင်နေရင်းဖြင့် စစ်သားတစ်ယောက်၏ ခန္ဓာကိုယ်မှ ကျည်ဆန်ကို တည်ငြိမ်စွာ ထုတ်ယူနိုင်ရပေမည်။

နဉ်ရှုက ကလေးကို လေ့ကျင့်ရေးသင်တန်းနေရာသို့ ခေါ်လာခဲ့သည်။ သင်တန်းတွင် ယောက်ျားသားသုံးယောက်သာ ရှိသည်။ သူမကိုပါ ထည့်တွက်လျှင် စုစုပေါင်း လေးယောက်ဖြစ်သည်။ အင်တာဗျူးသူက သူမက မိန်းမဖြစ်နေစေကာမူ လက်ခံသည်မှာ အံ့သြစရာတော့ မဟုတ်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now