Chapter 1146 [Unicode]

1K 164 0
                                    

Chapter 1146: ကျွန်မ ရှင့်ကို စောင့်နေမယ်

နဥ်ရှုက လက်ဝှေ့ယမ်းလျက် ဆက်အော်နေတုန်းပင်။ "ယောက်ျားရေ မနက်ဖြန် ကျွန်မ ရှင့်ကို ဒီမှာ စောင့်နေမယ်နော်"

ကျူ့ယန့်ချုံး၏ ပုံရိပ်ကား တောင့်တင်းသွား၏။ ထို့နောက် ဖန်းဖေးဖေး၏ လက်ကို ဆွဲကာ အလျင်အမြန် လျှောက်သွားတော့သည်။

နဥ်ရှုနှုတ်ခမ်းတို့ တွန့်ချိုးသွား၏။ အနည်းဆုံးတော့ သူမသရုပ်မှန်ကို ရှင်းရှင်းလင်းလုပ်ခဲ့သည်။ ကျူ့စစ်နျန်က ဇနီးမယားပင်၊ အစ်မကြီး မဟုတ်ချေ။

"မေမေ သူက တကယ် သားဖေဖေလား?" ကျူ့စစ်ယွမ်က ပဟေဠိဖြစ်နေသော အမူအရာနှင့် မေးလာသည်။ "ဖေဖေက သေသွားပြီ မဟုတ်ဘူးလား၊ ချက်ချင်း ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ?"

ကျူ့စစ်ယွမ်ကတော့ လုံးဝရှုပ်ထွေးသလို ခံစားနေရသည်။ သူ့မေမေပြောတော့ စစ်ယွမ် သားဖေဖေက သေပြီဟူ၍။ သို့သော် ယခု သူမ ပြောသည်က စစ်ယွမ် မင့်ဖေဖေကို မြန်မြန်လေး နှုတ်ဆက်လိုက်၊ ပိုအနောက်တိုင်းဆန်အောင် ဒယ်ဒီလို့ခေါ်ဟူ၍။

နဥ်ရှု ခေါင်းညိတ်လိုက်၏။ "သူက သားဖေဖေပဲ၊ သားမမွေးခင်တုန်းက ပညာသင်ဖို့ ထွက်သွားလိုက်တာ၊ အိမ်ကို တစ်ခေါက်မှ ပြန်မလာဘူး၊အဲ့ဒါကြောင့် မေမေလည်း သေပြီလို့ ထင်လိုက်တာ"

ကျူ့စစ်ယွမ် ခေါင်းလေးကို နှိမ့်၍ ပြောလာသည်။ "ဖေဖေက သားကို သဘောမကျသလိုပဲ"

နဥ်ရှု မည်သို့ပြောရမှန်းမသိ ဖြစ်သွားသည်။ "စစ်ယွမ် လူတိုင်းက မေမေတို့ကို သဘောကျမှာ မဟုတ်ဘူး၊ အရေးကြီးတာက မေမေတို့ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ရမယ်၊ ဖေဖေက စစ်ယွမ်ကို မချစ်ရင်တောင် မေမေက စစ်ယွမ်လေးကို ချစ်တယ်လေ"

ကျူ့စစ်ယွမ် သေချာ နားမလည်သော်ငြား ခေါင်းညိတ်လိုက်၏။

နဥ်ရှု ကျူ့စစ်ယွမ်၏ လက်ကို ဆွဲကာ အိမ်ပြန်တော့သည်။ ကျူ့ယန့်ချုံး မည်သို့ဆက်ဖြစ်မည်ကို သူမ ဂရုမစိုက်ချေ။ ဤကိစ္စကြောင့် ကျူ့ယန့်ချုံးနှင့် ဖန်းဖေးဖေးတို့၏ ဆက်ဆံရေး ပြတ်တောက်သွားလည်း နဥ်ရှုကတော့ ပခုံးလေး တွန့်လိုက်ရုံသာ။ သူမနှင့် မည်သို့မျှ မဆိုင်ချေ။

Realm 18: ကလေးသတို့သမီးحيث تعيش القصص. اكتشف الآن