Chapter 1139 [Unicode]

1.5K 289 3
                                    

Chapter 1139: နှစ်ယွမ်

နဥ်ရှုပြောခဲ့သော အရင်အကြိမ်တုန်းက ကျူ့ယန့်ချုံး ဆေးရုံစရိတ် မပေးခဲ့ခြင်းအပေါ် ဖန်းဖေးဖေးက မကောင်းသော အမြင်များ သေချာပေါက်ကို ကျန်နေခဲ့သည်။ သူမ လူနာခန်းတံခါးရှေ့တွင် ခဏလောက်ရပ်နေပြီးမှ သူမအဝတ်အစားတို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်သည်။ နောက်ဆုံးတွင်မှ အထဲသို့ လမ်းလျှောက်ဝင်သွားတော့သည်။

ကျူ့ယန့်ချုံးသည် လက်ကောက်ဝတ်က နာသောကြောင့် ဆရာဝန်ခေါ်လိုက်ရသည်။ သူ့လက်တစ်ခုလုံးနှင့် လက်ချောင်းများမှာ နာကျင်ရောင်ကိုင်းလျက်ရှိသည်။ ဆရာဝန်က သူ့လက်များတွင် ဒဏ်ရာနှင့် ရောင်ကိုင်းတာများ မရှိသည်ကို မြင်တော့ ကျူ့ယန့်ချုံးခန္ဓာကိုယ်သည် ရောင်ယမ်းတာကို ဆန့်ကျင်သည့်အချက်ကြောင့် ဖြစ်နေသည်ဟုသာ ယူဆလိုက်သည်။

ဖန်းဖေးဖေး အထဲဝင်လာတော့ ကျူ့ယန့်ချုံးက သူ့လက်များကို စူးစိုက်ကြည့်နေ၍ သူမ မေးလိုက်၏။

“ယန့်ချုံး ဘာတွေကြည့်နေတာလဲ”

ဖန်းဖေးဖေး ရောက်လာတာမြင်တော့ ကျူ့ယန့်ချုံး သူ့လက်အကြောင်းကို စိုးရိမ်နေခြင်းအား ရပ်လိုက်သည်။ ယခုလောလောဆယ်တော့ စူးစူးရှရှနာကျင်မှုက ထပ်မံပျောက်ကွယ်သွားပုံရ၍ ဖန်းဖေးဖေးထံ ညင်ညင်သာသာဖြင့် ကြည့်လိုက်သည်။

“ရောက်လာပြီပဲ”

ဖန်းဖေးဖေး ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ့အတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။ သူမ ခဏမျှစဥ်းစားပြီးနောက် ပြောလာသည်။

“ယန့်ချုံး ရှင် ဒီလောက် ဒဏ်ရာရထားတာ၊ ဘာလို့မိသားစုကို ပြောပြီး ရှင့်ကို လာမကြည့်ခိုင်းတာလဲ”

ကျူ့ယန့်ချုံးမှာ ရေသောက်နေဆဲဖြစ်ရာ ဒီစကားကိုကြားတော့ သီးသွားလေသည်။ သူ အလျင်အမြန် ပြောလိုက်၏။

“မလိုဘူး”

ဖန်းဖေးဖေး အံ့အားသင့်သွားပြီး မေးလိုက်တော့သည်။

“ဘာလို့လဲ၊ ဒဏ်ရာတွေ ဒီလောက်ရထားတာကို
မိသားစုကို ပြောတာ အကောင်းဆုံးပဲ”

Realm 18: ကလေးသတို့သမီးWhere stories live. Discover now