Chapter 1126 [Unicode]

1.9K 335 5
                                    

Chapter 1126: ဆရာဝန် ဆရာဝန် ဆရာဝန်

သည်လိုရုန်းရင်းဆန်ခတ်အချိန်များတွင် အဆင်ပြေပြေနေနိုင်ရန်၊ ကျူ့စုနျန် ဘဝသစ်စတင်နိုင်ရန် သူမ အလုပ်ကြိုးစားရမည်။

နဥ်ရှု ကျူ့စစ်ယွမ်ကို ဖက်အိပ်ရာ သူမ ထိုတစ်ညလုံး ကောင်းစွာ အိပ်ပျော်သည်။ သူမ ရေနွေးငွေ့သုံးသင်္ဘောပေါ်တွင် အိပ်သည်ဆိုရုံမျှသာအိပ်သည်။ ထို့ကြောင့် သူမ ပင်ပန်းနွမ်းနယ်နေသည်။

နောက်တစ်နေ့တွင် နဥ်ရှုသည် ကျူ့စစ်ယွမ်ကို နွေးနွေးထွေးဖြစ်အောင် ဝတ်ဆင်ပေးပြီး အိမ်တစ်လုံးရှာရန် တည်းခိုခန်းထဲမှ ထွက်လာသည်။ သူမ ကျူ့စစ်ယွမ်စားရန် ဖက်ထုပ်ပြုတ် ဝယ်ခဲ့သည်။ ကျူ့စစ်ယွမ် အရမ်းကို ပျော်ရွှင်ကာ စတင်စားသောက်တော့သည်။ ဖက်ထုပ်ပြုတ်ထဲမှ ဖက်ထုပ်တစ်ခုကို ယူကာ နဥ်ရှုပါးစပ်ထဲထည့်ရင်း ကလေးသံလေးဖြင့် ပြောလာသည်။

"မေမေ စား! မေမေလည်း စား!"

နဥ်ရှုနှလုံးသားလေးမှာ နွေးထွေးသွား၏။ အခု ဒါက သူမ၏ ဒုတိယအကြိမ် ကလေးထိန်းလုပ်ရသည်ကို တွေးမိသွားသည်။ ဒီကလေးက မူလက ပညာမတတ်ကာ လူဖျင်းလူညံ့အဖြစ် ကြီးပြင်းလာသည်ကို တွေးမိတော့ သူမ ခေါင်းယမ်းမိတော့သည်။ သူ့ကို ဒီလိုမျိုး နောက်တစ်ကြိမ် အဆုံးသတ်ဖို့ သူမ ခွင့်မပြုနိုင်ပေ။

သူက ကျူ့ယန်ချုံးကို ဒေါသထွက်ပြီး လုပ်ချင်ရာလုပ်ခဲ့သော်လည်း ထိုအပြုအမူများမှာ မရင့်ကျက်ခြင်း၏ အကျိုးရလဒ်များဖြစ်သည်။ ထက်မြက်ပြီး လုပ်နိုင်စွမ်းရှိသောသူများသည် တစ်စုံတစ်ယောက်ကို ဆန့်ကျင်လက်တုံ့ပြန်ရန် ဤနည်းလမ်းမျိုးကို မသုံးကြပေ။

ပြီးတော့ ကျူ့စစ်ယွမ်က ကျူ့ယန့်ချုံး၏သားဖြစ်သောကြောင့်သာ ကျူ့ယန့်ချုံးကို ဆန့်ကျင်ရန် သည်လိုနည်းလမ်းမျိုးကို သုံးနိုင်ခြင်းဖြစ်သည်။

အဆုံးတွင် ကျူ့စုနျန်နှင့် ကျူ့စစ်ယွမ်တို့မှာ တကယ်ကို အားနည်းလွန်းသည်။ ကျူ့စစ်ယွမ်က သူ့အမေကို အတော်လေး ဂရုစိုက်သည်။ ထို့ကြောင့်ပင် ကျူ့စုနျန်က သူမကလေးနှင့် ကောင်းကောင်းနေလိုခြင်းဖြစ်သည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now