Chapter 1137 [Unicode]

1.5K 294 2
                                    

Chapter 1137: ကလေးအဖေကရော?

ကျူ့စစ်ယွမ် ရက်အနည်းငယ်လောက် အတော်လေး စိတ်ဓာတ်ကျသွားလေသည်။ သူ့အဖေကြောင့်ဆိုတာ သိသာလွန်းလှသည်။ နဥ်ရှုကတော့ ဘာမှမပြောဘဲ ကြည့်သာကြည့်နေလိုက်သည်။

စစ်ဆရာဝန်သင်တန်းပြီးနောက် နဥ်ရှု ဆေးရုံသို့ လာခဲ့သည်။ သူမဘေးတွင် ရပ်နေသော သူနာပြုခေါင်းဆောင်ကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် ရေတစ်ခွက် ငှဲ့ရန် ကောင်တာသို့ သွားလိုက်သည်။

“သူနာပြုခေါင်းဆောင် အလုပ်များနေလား”

သူနာပြုခေါင်းဆောင်သည် အသက်လေးဆယ်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး နဥ်ရှုအပေါ် အတော်လေး အေးစက်လှသည်။

“မများဘူး”

“သူနာပြုခေါင်းဆောင် အစ်မသားက အခု ကောလိပ်တက်နေတာလို့ ကြားတယ်၊ သူက တကယ့်ကို အလားအလာရှိတာပဲနော်” နဥ်ရှုက ညင်ညင်သာသာလေး ပြောလိုက်သည်။ “ကျွန်မကလေးက ခုထိ ငယ်သေးတယ်၊ ပြီးတော့ အခုခေတ်ကာလကလည်း ဖရိုဖရဲ ပရမ်းပတာနဲ့၊ နောင်အနာဂတ်အတွက် ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူးရှင်”

ကလေးများမှာ အမျိုးသမီးနှစ်ယောက်ကြား ပိုနီးစပ်စေသည့် နည်းလမ်းလေးတစ်မျိုးပင်။ စာနာသည့်အမူအရာက သူနာပြုခေါင်းဆောင်မျက်နှာတွင် ပေါ်လာပြီး သူမအသံက အနည်းငယ် အတင်းအဖျင်းပြောနေသည့်ပုံပေါက်နေသည်။

“ကလေးကို ပျိုးထောင်ရတာ မိန်းကလေးတစ်ယောက်အနေနဲ့ အတော့်ကို ခက်ခဲတယ်၊ ကလေးအဖေကရော”

နဥ်ရှုမျက်ဝန်းတို့က နီရဲလာ၏။

“ကျွန်မယောက်ျားက ကောလိပ်သွားတက်နေတာ၊ ဒါပေမယ့် သူ့ဆီက ဘာသတင်းမှ မကြားရတာ အတော်ကြာပြီ၊ သူ သေသွားပြီလို့ ကျွန်မတော့ ထင်မိတယ်၊ ထပ်ပြောရရင် ကျွန်မဇာတိမြို့လေးက အရမ်းကို ပရမ်းပတာတွေ ဖြစ်နေတော့ အဲ့တာတွေကို ရှောင်ဖို့ ကလေးနဲ့ ရှန့်ဟိုင်ကို တက်လာတာ၊ ပြီးတော့ ကလေးအဖေကိုလည်း ရှာမလို့ပေါ့”

နဥ်ရှုက သူမနောက်ကြောင်းကို တတ်နိုင်သမျှ ဝမ်းနည်းစဖွယ်ဖြစ်အောင် စပြောနေခဲ့သည်။ သူနာပြုခေါင်းဆောင်က နဥ်ရှုကို အလျင်အမြန် နှစ်သိမ့်လာသည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now