37💞

2.3K 211 43
                                    

အပိုင်း ၃၇

"ဟင်! !!! ကိုမင်းထက် "

"မင်း! !! အရီ! !!"

"ဒါ.....ဒါဆို ရှင့်နောက်မိန်းမက ဒီမိန်းမလား "

"မင်း ဘယ်လိုရောက်လာတာလဲ "

အခုချိန်ထိ အန်တီရီရီမြင့် နဲ့ ဦးဇင်မင်းထက်တို့ရဲ့ဆက်ဆံရေးကို ဘယ်သူမှမသိကြသေး....အားလုံးကလည်း အံ့သြတကြီးနဲ့ စောင့်ကြည့်နေကြလေသည်။

"အဟင်း.....ရှင်က ကျွန်မတို့သားအမိအပေါ် ထားခဲ့ပြီးဒုက္ခတွေပေးခဲ့တာတောင်မကျေနပ်လို့ ရှင့်သမီးအရင်းကို ထောင်ပြန်ချတဲ့အထိကို ယုတ်မာနေပါလား လူယုတ်မာရဲ့"

"ဖြောင်း! !!"

ဒေါ်ရီရီမြင့်ရဲ့စကားအဆုံး အားလုံးအံသြနေကြရုံမှမကြာသေး ဦးဇင်မင်းထက်ကိုပါ ပါးရိုက်လိုက်သည်မို့ အလန့်တကြားနဲ့ ဝင်ဆွဲကြရလေသည်။

"အန်တီ....အန်တီ နောက်မှရှင်းကြရအောင်လေ အခုလာရင်းက "

"ဖယ် သမီး...အန်တီကို ဆွဲစရာမလိုဘူး ဒီလူယုတ်မာက ဆင်းရဒဒဏ်ကိုမခံနိုင်လို့ ကိုယ့်သမီးလေး နှလုံးရောဂါသည်မှမထောက်
ကိုယ့်အတ္တကို ပုံဖော်သွားတာ.... ရှင်ထားခဲ့တုန်းက ကျွန်မဝဋ်ကြွေးလို့မှတ်ယူပြီးထားခဲ့လိုက်တယ် ကိုမင်းထက် ဒါပေမယ့် အခုကိစ္စက ရှင့်နောက်မိန်းမက ပါတဲ့မောင်က ကျွန်မသမီးကို စွပ်စွဲပြီး ထောင်ထဲထည့်တာ တရားလွန်သွားပြီ ရှင့်ကို ကျွန်မပြန်တရားစွဲမယ် "

ဝင့်လွှာကလည်း အန်တီ့ကို တစ်ဖက်ဆွဲ အန်တီ ပိုးလဲ့ရည်ကလည်း တစ်ဖက်ဆွဲနဲ့ တားနေပေမယ့် အန်တီရီရီမြင့်မှာ မျက်ရည်တွေလည်းကျ ဦးဇင်မင်းထက်ကိုလည်း လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောနေပမေယ့် အရှိန်အဝါကြီးလှသော ဦးဇင်မင်းထက်မှာ သူ့အမှားမို့ ပြန်လည်ချေပပြောဆိုခြင်းမရှိပေ...

"ဒါတွေကို ကိုယ်မသိခဲ့ဘူးအရီ ယောက်ဖက ဆေးရုံတင်ထားတဲ့ကိစ္စနဲ့ တရားစွဲထားတာပဲသိတာ ဘယ်သူဘယ်ဝါကို ဆွဲထားမှန်းလည်းမသိဘူး ဒါတောင် မနေ့ညကမှ ဖုန်းဆက်ပြီး လှမ်းပြောတာ "

"အစကတော့ ကျွန်မမောင်ကို ပြောပြီး နားချပေးမလို့ပဲ ဒါပေမယ့် အခုလိုကျွန်မယောကျာ်းကိုကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ရှင့်လိုပဲ ရှင့်သမီးကလည်း ကျွန်မမောင်ကို မကျူးလွန်ခဲ့ဘူးဆိုတာ မယုံတော့ဘူး ဒါကြောင့်ပြတ်ပြတ်ပဲပြောလိုက်မယ် ကျွန်မမောင်အမှုကို လုံးဝမပိတ်ပေးနိုင်ဘူး "

Start with Heart And End with Love Where stories live. Discover now