33 💞

2.3K 182 15
                                    

အပိုင်း ၃၃

ခြံထဲမှာ စကားပြောပြီးတာနဲ့ အိမ်ထဲဝင်တော့ မေမေက အိပ်ယာဝင်နေပြီဖြစ်သည်။ ဒါကြောင့် နှစ်ယောက်သား အိမ်ခြံတခါးတွေကို သေချာ ပိတ်ပြီးနောက် ခြေတောက်လက်တောက်ဆေးကာ အိပ်ခန်းထဲ ဝင်ခဲ့ကြသည်။

"မ ဒီဟာလေးနဲ့တော်မယ်ထင်တယ် ဝတ်မလား "

ကလောမှာတုန်းက ဆိုဒ်မှားပြီး ဝယ်လာမိခဲတဲ့ pajama လေးကို
ယူလာမိခဲ့လို့တော်သေး....ဇင်ယော်နဲ့ မနဲ့က အရပ်သိပ်မကွာပေမယ့် ခန္ဓာကိုယ်ကျတော့ မက နည်းနည်းပိန်သည့်ဘက်ကို သွားသည်။
ဇင်ယော်က ငယ်ငယ်လေးထဲက နှလုံးရောဂါသည်မို့ အမြဲ အားရှိအောင်လို့ အာဟာရ ပြုစာတွေစားရတာမို့ ခန္ဓာကိုယ်က နည်းနည်းပြည့်သည်။ ဒါကြောင့် ခုနဝတ်စုံက ကျပ်နေသည်မိူ့ မနဲ့ဆိုတော်မည်ထင်သောကြောင့် ဝတ်ခိုင်းခြင်းဖြစ်သည်။ မဝတ်ရသေးသော အသစ်ဖြစ်တာကြောင့်လည်းပါသည်။

ရေချိုးခန်းထဲအဝတ်မစားလဲပြီး ပြန်ထွက်လာတဲ့မဟာ ခုန ညအိပ်ဝတ်စုံနဲ့ ကွက်တိဖြစ်နေလေသည်။ ဇင်ယော်လည်း ညအိပ်ဝတ်စုံတစ်ခုထုတ်ကာ ယူပြီးနောက် ရေချိုးခန်းထဲဝင်ကာ အဝတ်လဲပြီးနောက် မျက်နှာတွေ သစ် သွားတိုက်ပြီးထွက်လာခဲ့သည်။

"ဟာ..မ နေပါ ေမာင်ခင်းလိုက်မယ် မ ဖာသာအေးဆေးနေ "

အိပ်ယာခင်းနေတဲ့မကြောင့် မျက်နှာသုတ်ပဝါကို မြန်မြန်ချကာ
မဆီမှ အိပ်ယာခင်းစကို အမြန်ဆွဲလုရသည်။

"ဖယ်ပါမောင်ရဲ့ မောင့်အိပ်ယာက ေထွထွေထူးထူးခင်းစရာမှမရှိတာ စောင်လေးတွေချလိုက်ရင်ရပြီကို "

ဇင်ယော့်ဆီက အိပ်ယာခင်းစကို ပြန်ဆွဲကာ သေချာပြန့်နေအောင် ခင်းပြီးနောက် ခေါင်းအုံးချရင်း စောင်တွေနေရာချတော့ ဇင်ယော်လည်း ကုတင်ပေါ်တက်ကာ ခြင်ထောင်ထောင်လိုက်တော့သည်။

"မ ခေါင်းအုန်းက အဆင်ပြေလား နိမ့်ရင် ဟိုဘက်ခန်းထဲက သွားယူပေးမယ် အဲ့မှာ ဧည်သည့်တွေလာရင်အိပ်ဖို့ အပိုထားထားတဲ့ ခေါင်းအုံး ရှိတယ် "

ဇင်ယော်တွင် အိပ်ဖို့က ခေါင်းအုံးတစ်လုံး ဘေးကာ ဖို့က တစ်လုံး အမြဲတမ်းနှစ်လုံး ထားလေ့ရှိသည်။ ကာဖို့က ေစာင်ရှိပေမယ့်
တစ်ခါတစ်လေ လက်တင်တာတို့ ဖက်တာတို့လုပ်တတ်တာကြောင့် အမြဲတမ်းခေါင်းအုံးနှစ်လုံးပဲသုံးလေ့ရှိသည်။ ဒီနေ့ကတော့ အတော်ဖြစ်သွားတာပေါ့..မအတွက်ပါ ခေါင်းအုံးလေးက ကွက်တိဖြစ်သွားလို့...

Start with Heart And End with Love Where stories live. Discover now