28 💞

2.4K 223 30
                                    

အပိုင်း၂၈

"ဒုန်း ဒုန်း ဝင့်လွှာ တံခါးဖွင့်ပါအုန်းဟ ထမင်းလေးတော့ ဝင်အောင်စားပါနော် "

ရောက်ကတည်းက အခန်းတံခါး ပဲ ဖွင့်ပေးပြီး ရေချိုးခန်းထဲသွားထိုင်နေတဲ့ ဝင့်လွှာကို ဇင်ယော်တစ်ယောက် တစ်နာရီခြားတစ်ခါ တံခါးသွားထုပြီး ထမင်းစားဖို့ ခေါ်နေတာ သုံးခါရှိလေပြီ...
ဘာမှလည်း ထွက်မစားတာမို့ ကိုယ့်မှာပျော်နေတဲ့ အပျော်လေးတွေတောင် ယိုင်နဲ့လုလုဖြစ်နေပြီ..

ဟိုဘက်က မမနွေလည်း ဘယ်လိုနေမယ်မသိ.....ညနေကျမှ မမနွေဆီသွားပြီး အကျိုးအကြောင်းတော့ပြောရအုန်းမည်။
အခုတော့ အခန်းထဲက ထွက်မလာတဲ့ ဝင့်လွှာကို အပြင်ထွက်အောင် ခေါ်ထုတ်ရအုန်းမည်။

"ဒုန်း ဒုန့်း ဝင့်လွှာရေ ငါရှင်းပြတာနားထောင် ကျွီ အမယ်လေး "

တော်သေးသည်။ လေးခါမြောက်ကြိုးစားမှုမှာတော့ ဝင့်လွှာတစ်ယောက် ငှက်အော်သံမခံနိုင်တဲ့အဆုံး ထွက်လာပုံရသည်။
ဒါပေမယ့် မျက်လုံးကတော့ ငိုထားတဲ့အရှိန်နဲ့ ဖောင်းအစ်နေလေသည်။

မျက်နှာပြန်သစ် အဝတ်စားလဲ ပြီး ခေါင်းဖြီးတဲ့အထိ အနောက်ကနေတစ်ကောက်ကောက်လိုက်နေတဲ့ ဇင်ယော့်ကို ဝင့်လွှာဟာ အသက်မရှိတဲ့လူတစ်ယောက်အလား... သူ့ဘက်ကို လှည့်တောင်မကြည့်..ကိုယ့်မှာတော့ ရှင်းပြချင်လွန်းလို့ အနောက်ကနေ တစ်ကောက်ကောက်လိုက်နေရကာ ဘယ်အချိန်မေးမလဲ ထိုင်စောင့်နေရသည်။

ဒါပေမယ့် သူက မမေးတဲ့အပြင် ကိုယ့်ကို အခန်းထဲကဝိညဥ်တစ်ကောင်လိုသတ်မှတ်ထားတော့ ကိုယ်က စပြောဖို့ပြင်ပြန်တော့လည်း
အသက်မရှိတဲ့သူတစ်ယောက်လို တွေတွေကြီးနေနေတဲ့သူမကို
စကားပြောဖို့ မကြိုးစားရဲသေးပေ...တစ်ခြားအချိနိတွေမှာသာ ဝင့်လွှာက ပေါတောတောနေချင်နေလိမ့်မည်။ဒါပေမယ့် သူစိတ်ဆိုးရင်တော့ ဇင်ယော်တို့အကုန်ကြောက်ရပါသည်။ ဘယ်သူကိုမှလည်း စကားမပြောတော့သလို လာပြောသမျှသူတွေကလည်း လေကုန်တာပဲ အဖက်တင်သည်။ ဟိုက ရှိတယ်လို့ကို မတွေးတတ်တဲ့သူမို့..
ဒါကြောင့် ပြောတာ..အေးပြီး သည်းခံတဲ့သူတွေက စိတ်ဆိုးရင် ကြောက်စရာကောင်းပါတယ်လို့...

Start with Heart And End with Love Where stories live. Discover now