36 💞

2.2K 198 36
                                    

အပိုင်း ၃၆

တစ်ညလုံး အမေရော ဇင်ယော်ရောပါ အိပ်မရခဲ့ပေ...ခဏလေးမှေးသွားလိုက် ပြန်နိုးလိုက်နဲ့ မနက်မိုးလင်းတာပဲ....
မနက် ၆ခွဲပဲ ရှိသေး ဝင့်လွှာက ကပျာကယာနဲ့ရောက်ချလာသည်။ လက်ထဲမှာလည်း ရှမ်းခေါက်ဆွဲတို့ဘာတို့ မုန့်ဘူးပေါင်းမျိုးစုံနဲ့..

"ဒီမှာ နငိ့အတွက် လမ်းထိပ်က အန်တိီသိန်းဆိုင်က ရှမ်းခေါက်ဆွဲဝယ်ခဲ့တယ် ပြီးတော့ အန်တီ့အတွက် ပလာတာခုတ် "

ဘူးပေါင်းစုံ အားဖွင့်ကာ ရှမ်းခေါက်ဆွဲဘူးအား ဇင်ယော့်လက်ထဲထိုးပေးပြီး အမေ့အတွက် ပလာတာဘူးအားပေးလေသည်။ နောက်ပြီး လက်ဖက်ရည်ဘူးတွေရောပါ တွေ့တာကြောင့် ဘယ်သူ့ဖို့မှန်း မေးကြည့်မိသည်။ ဇင်ယော်တို့သားအမိနှသ်ယောက်လုူံက လက်ဖက်ရည်မသောက်တာဝင့်လွှာအသိပဲလေ...

"ဝင့်လွှာ လက်ဖက်ရည်ဘူးတွေက ဘယ်သူဖို့လဲ "

"အော် ဒါတွေလား ဂိတ်ပေါက်စောင့်တဲ့ ရဲတွေနဲ့ တပ်သားတွေဖို့လေ ငါလည်းခန့်မှန်းပြီးဝယ်လာတာ ပိုသွားတယ် "

ကိုယ့်လူတစ်ယောက် ဒုက္ခရောက်နေရင် အဲ့အနီးအနားကလူတွေကို ကိုယ့်လူကိုစောင့်ရှောက်ဖို့ ငွေပဲဖြစ်ဖြစ် အစားအစာပဲဖြစ်ဖြစ် လာဘ်ထိုးရတာ ထုံးစံလိုကိုဖြစ်နေလေပြီ...ဒါကြောင့် ဂိတ်ပေါက်ကစောင့်တဲ့လူတွေကအစ ရဲအုပ်အထိဇင်ယော့်နာမည်လေးပြောပြီး ပေးခဲ့ရတာ...

"သမီး အာ့ဆို စခန်းမှူးလည်း ပေးလိုက်အုန်းလေ "

"အဲ့ကျက်သတုန်းကိုတော့ မတိုက်ဘူးအန်တီ ဒင်းက ဟိုကောင်ထက်မြက်မောင်နဲ့တစ်ကျိပ်တည်းတစ်ကြံတည်း ဘာပေးပြီးခိုင်းမှန်းမသိဘူး မနေ့က ဦးလေးဖုန်းဆက်ပြီးပြောတာတောင် ဘူးခံငြင်းနေတာ အခုမှတရားဥပဒေဘက်တော်သားတွေဘာတွေနဲ့ အမှန်တရားအတိုင်းသာ သူတို့လိုက်နာရင် ဒီအချိန်မြန်မာနိုင်ငံက စည်းကမ်းအကောင်းဆုံးနိုင်ငံဖြစ်နေလောက်ပြီ "

"ဟင်း....ကြည့်ရတာတရားလိုဘက်က အင်အားရှိတယ်ထင်ပါရဲ့ သမီးဦးလေးတောင်ပြောမရဘူးဆိုတော့ "

"ဟာ..အန်တီကလည်း စိတ်မလျော့ပါနဲ့ မမပိုးတို့ကလည်း ဒီလောက်အသိုင်းအဝိုင်းကြီးတာ မကြာပါဘူး ခဏရယ်ပါ အန်တီရယ် "

Start with Heart And End with Love Where stories live. Discover now